ဗြိတိသျှကောင်စီ၏ Digital Library နဲ့ပတ်သက်ပြီး Deputy Library and Information Manager မယမင်းညီညီနှင့် တွေ့ ဆုံခြင်း

ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာဖွင့်လှစ်တဲ့ Digital Library နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဗြိတိသျှကောင်စီရဲ့ Deputy Library and Information Manager မ ယမင်းညီညီနဲ့ တွေ့ဆုံးမေးမြန်း ဖြစ်ခဲ့ပါတယ်။

Digital Library က ဘာလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါ။

ဗြိတိသျှကောင်စီရဲ့ ဒီဂျစ်တယ် စာကြည့်တိုက်ဆိုတာ မဂ္ဂဇင်းနှင့် သတင်းစာပေါင်း ရ၀ဝဝ ကျော်၊ သုတ၊ရသ eBook နဲ့ audiobook ပေါင်း ၃၀ဝဝ ကျော်၊ ဘာသာရပ်ဆိုင်ရာ eBook ပေါင်း တစ်သိန်းကျော်၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်ပေါင်း ရဝဝဝ ကျော်၊ ရုပ်ပြကာတွန်းတွေနဲ့ software အသုံးပြုနည်း ဗွီဒီယိုပေါင်းရာ ပေါင်းများစွာတို့အပြင် ဗြိတိသျှ ကောင်စီရဲ့ IELTS စာမေးပွဲအတွက် ပြင်ဆင်လေ့လာခြင်းနဲ့ ပတ်သက်တဲ့ အွန်လိုင်းလေ့ကျင့်ရေး သင်တန်းတစ်ခုရဲ့ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး အင်တာနက်အသုံးပြုနိုင်တဲ့ မြန်မာနိုင်ငံအတွင်းရှိ မြို့တိုင်း၊ နယ်တိုင်းကနေ အသုံး ပြုနိုင်ပါတယ်။

ဘယ်လိုလူမျိုးတွေနဲ့ သင့်တော်ပါသလဲ။

ဒီဂျစ်တယ် စာကြည့်တိုက် က ကျောင်းသား၊ ကျောင်းသူများ၊ စာတမ်းရေးသားပြုစု နေသူများ၊ အင်္ဂလိပ်စာတိုးတက်လိုသူများ၊ သုတေသနပြုလုပ်နေသူများ၊ စာကြည့်တိုက်များ မရှိတဲ့ နယ်ဝေးဒေသများတွင် နေသူတွေနဲ့ စာဖတ်ဝါသနာပါ သူ မည်သူမဆိုအတွက် အထူး အသုံးတည့်မှာဖြစ်သလို ရသစာပေများ၊ မှတ်တမ်းရုပ်ရှင်နဲ့ တီဗွီအစီအစဉ်များ ကြည့်ရှုလို သူတွေအတွက်နဲ့ သွားလာလှုပ်ရှားရင်း audiobook ခေါ်  အသံထွက် ဖတ်ပြတဲ့ စာအုပ်တွေကို နားဆင်သူတွေအတွက်လည်း သင့်တော်ပါတယ်။

Digital Library နဲ့ ရိုးရိုး Library ရဲ့ ကွာခြားချက်တွေကို ပြောပြပေးပါ။ Digital Library ဟာ ရိုးရိုး Library ထက်အား သာ ချက်တွေရှိနိုင်ပါလား။

ဒီဂျစ်တယ် စာကြည့်တိုက်ကို သုံးခြင်းအားဖြင့် စာကြည့်တိုက်တွေကို လူကိုယ်တိုင်လာဖို့ မလိုတဲ့အတွက် မြန်မာနိုင်ငံအနှံ့ကြိုက်တဲ့မြို့ကနေ သုံးလို့ရပါတယ်။အ ရင်ကဆို စာကြည့်တိုက်ရှိရာရန် ကုန်နဲ့ မန္တလေးက လူတွေသာ ဗြိတိသျှကောင်စီရဲ့ ဒီဂျစ်တယ်စာကြည့်တိုက်တွေကို သုံးနိုင်နေတာဖြစ်လို့ ဒီဂျစ်တယ်စာ ကြည့်တိုက်ရှိခြင်းရဲ့ အားသာချက်က အခြားမြို့များမှကျောင်း သား၊ ကျောင်းသူများ၊ စာဖတ်ဝါ သနာရှင်များအနေနဲ့ ကမ္ဘာ့အဆင့်မီ မှီငြမ်းစာအုပ်စာတမ်းကို အလွယ်တကူ ဖတ်ရှုနိုင်ပြီး အွန်လိုင်းမှ သင်ယူစရာအရင်းအမြစ်များ အပါအဝင် ebook များ၊ အသံဖိုင်ပါဝင်သောစာအုပ် (audiobook) များ၊ ထူးချွန်ဆုရရှိ ထားသော ရုပ်ရှင်များ၊ မှတ်တမ်း ရုပ်ရှင်များကို နေ့တိုင်းအချိန်တိုင်း ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။ ရိုးရိုးစာကြည့်တိုက် တစ်ခုမှာဆိုရင် စာအုပ်တစ်အုပ်ကို အသင်းဝင် တစ်ယောက်က ငှားသွားရင် နောက်ငှားလိုသူတွေက တော်တော်ကြာကြာ စောင့်ရပါတယ်။ ဒီဂျစ်တယ် စာကြည့်တိုက်ကို သုံးခြင်းဖြင့် စာအုပ်တစ်အုပ်ကို အသင်းဝင်များစွာက တစ်ပြိုင်တည်း သုံးနိုင်ပါတယ်။ ဒီဂျစ်တယ် စာကြည့်တိုက်မှာ စာအုပ်ပေါင်းသိန်း ကျော်ရှိတဲ့အတွက် ရွေးချယ်စရာ ပိုများပါတယ်။ စာကြည့်တိုက်ကို ကိုယ်တိုင်လာရလို့ အချိန်ကုန်တာမျိုးတွေ မရှိတော့ပါဘူး။ ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို အချိန်မရွေး ပိတ်ရက်မရှိ သုံးနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။ မျက်မှောက်ရေးရာများ၊ နည်းပညာ၊ စီးပွားရေး၊ငွေကြေးဆိုင်ရာ ပြဿနာများအကြောင်း ထုတ်ဝေထားတဲ့ သတင်းစာ ပေါင်း ၃ဝဝဝ ကျော်နဲ့ မဂ္ဂဇင်းပေါင်း ၄ဝဝဝ ကျော်ပါ၀င်တဲ့အတွက် အဆိုပါ သတင်းစာ၊ မဂ္ဂဇင်းတွေ ထွက်ထွက်ခြင်း စောင့်ရန်မလိုဘဲ ဖတ်နိုင်ပါတယ်။ အရင်က ထွက်ထားတဲ့ old issue တွေကိုလည်း လွယ်လွယ်ကူကူ ပြန်ရှာဖတ်နိုင်ပါတယ်။ HOO-NUIT ဗီဒီယို အခြေပြု သင်ခန်းစာများ၊ ဗြိတိသျှကောင်စီရဲ့ IELTS စာမေးပွဲအတွက် ပြင်ဆင်လေ့လာခြင်းနဲ့ ပတ်သက်တဲ့အွန်လိုင်း လေ့ကျင့်ရေး သင်ခန်းစာ၊ ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များလည်း ပါဝင်လို့ ရိုးရိုးစာအုပ်များထက် ပိုမိုကြွယ်ဝတဲ့ သုတ၊ ရသခံစားမှုတွေ ရရှိနိုင်ပါတယ်။

DigitalLibrary မှာ ဘယ်လို စာအုပ်တွေကို ဖတ်ရှုလေ့လာနိုင် မလဲ၊ ရိုးရိုး Library မှာ ရနိုင်မယ့် စာအုပ်တွေအားလုံးကို ဖတ်ရှုနိုင်ပါသလား။

ဒီဂျစ်တယ် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေက ရိုးရိုးအပြင်မှာရှိတဲ့ စာကြည့်တိုက်က စာအုပ်တွေနဲ့မတူပါဘူး။ စာကြည့်တိုက်က စာအုပ်တွေကို Scan လုပ်ပြီး တင်ထားတာမျိုး မဟုတ်ပါဘူး။ ရန်ကုန် ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ စာအုပ်နှစ်သောင်းလောက်ပဲရှိပါတယ်။ ဒီဂျစ်တယ် စာကြည့်တိုက်မှာ eBook ပေါင်း တစ်သိန်း ကျော်ရှိပါတယ်။

Digital Library ဆိုတဲ့ အတွက် အရာအားလုံးကို အွန်လိုင်းကနေပဲ လုပ်ဆောင်နိုင်ပါသလား။ အခက်အခဲတွေရှိနိုင် ပါသလား။

ဒီဂျစ်တယ် စာကြည့်တိုက်ဖြစ်လို့ စာအုပ်ရွေးတာ၊ ငှားတာ၊ အပ်တာတွေ အားလုံး အွန်လိုင်းကနေပဲ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို သေသေချာချာ သုံးနိုင်ရင်၊ သုံးတတ်ရင် အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ပါဘူး။ ဒီဂျစ်တယ် စာကြည့်တိုက် သုံးစွဲနည်း မိတ်ဆက်ပွဲတွေကို အပတ်စဉ်လုပ်ပေးနေပြီး ဗြိတိသျှကောင်စီ ဝက်ဘ်ဆိုက်မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Digital Library နဲ့ပတ်သက်ပြီး ဘာများထပ်ပြောချင်ပါသလဲ။

ဒီဂျစ်တယ်စာကြည့်တိုက်ကို ရိုးရိုးကွန်ပျူတာ၊ laptop တို့မှသာမက မိုဘိုင်းဖုန်း၊ Tablet , iPad စတဲ့ မိုဘိုင်းကိရိယာတွေက နေသုံးနိုင်လို့ လူတိုင်းလွယ်လွယ် ကူကူသုံးနိုင်ပါတယ်။ အသင်းဝင် ကြေးကလည်း လူတိုင်းသုံးနိုင်မယ့် ဈေးနှုန်းဖြစ်တဲ့ တစ်နှစ်အတွက် သုံးသောင်းမျှသာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။အပြင်လူ တွေအနေနဲ့ ဒီဂျစ်တယ်စာကြည့် တိုက်မှာ ပါတဲ့ Press Reader တစ်မျိုးတည်းကို သီးသန့်တိုက်ရိုက်ဝယ်မယ်ဆိုရင် တစ်နှစ်အတွက် အမေရိကန် ဒေါ်လာ ၃၆၀ (မြန်မာကျပ် ၅၅၀ဝဝဝ) ကျ သင့်မှာဖြစ်ပြီး The Economist မဂ္ဂဇင်းတစ်အုပ်တည်းကိုပဲ သီးသန့် တိုက်ရိုက်ဝယ်မယ်ဆိုရင် တစ်နှစ်အတွက် US$ ၅၂ (မြန်မာကျပ် ၈၀ဝဝဝ) ကျသင့်မှာ ဖြစ်တဲ့အတွက် eBook၊ audiobook၊ မဂ္ဂဇင်း၊ သတင်းစာ စုစုပေါင်း သိန်းနှင့်ချီပြီးပါဝင်တဲ့ ဗြိတိသျှကောင်စီရဲ့ ဒီဂျစ်တယ်စာကြည့်တိုက်ကို အသုံးပြုခြင်းက အချိန်၊ ငွေကုန်များစွာ သက်သာစေမှာပါ။

Digital Library ကိုအသုံးပြုတဲ့သူဘယ်နှစ်ယောက်လောက်ရှိသွားပြီလဲ။

စမ်းသပ်ကာလမှာပဲ member ဝင်ပြီးအသုံးပြုသူပေါင်း ၁၁၀၀ လောက်အထိရှိသွားပါတယ်။

-သန္တာ