ဗြိတိသျှကောင်စီမှ Business Writing Essentials သင်တန်းဖွင့်မည်

ဗြိတိသျှကောင်စီမှ Business Writing Essentials သင်တန်းကို အောက်တိုဘာ ၂၀ ရက် မှ နိုဝင်ဘာ ၁၇ ရက်အထိ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်သုံးစွမ်းရည်တွေကို လက်တွေ့ကျကျ သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပြီး နေပြည်တော်အခြေစိုက် ဗြိတိသျှကောင်စီရဲ့ ကျွမ်းကျင်နည်းပြတွေကနေ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ လုပ်ငန်းခွင်သုံး အရေးအသားမှာ တိကျရှင်းလင်းစွာဖေါ်ပြနိုင်ခြင်း၊ စာဖတ်တို့အတွက်ဦးတည်၍ ရေးသားနိုင်ခြင်း၊ မှန်ကန်တဲ့ အသုံးနှုန်းနဲ့ဝေါဟာရတွေ အသုံးပြုနိုင်ခြင်းနဲ့ အခြားအကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်။

သင်တန်းကို ၈ ချိန်တက်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၀၊ ၂၂၊ ၂၇ ရက် နဲ့ နိုဝင်ဘာ ၃၊ ၅၊ ၁၀၊ ၁၂၊ ၁၇ ရက်တွေမှာ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ ညနေ ၅ နာရီခွဲမှ ၇ နာရီအထိ Zoom အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ပို့ချပေးသွားမှာ ဖြစ်ပြီး သင်တန်းကြေးကတော့ ၁၃၀,၀၀၀ ကျပ် ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/3kwWUkG မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း – ၀၉၇၆၅၄၂၂၈၁၇ နဲ့ [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««