
ဗြိတိန် တက္ကသိုလ် University of Sussex မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆု ပေါင် ၄၀၀၀ အထိ လျှောက်ထား ရယူနိုင်မယ်လို့ သိရပါတယ်။
University of Sussex မှာ International Foundation Year (8 months) , International Year One (8 months) , Pre- Master (4 to 8 months) Programmes တွေကို ပညာသင်ဆု ပေါင် ၄၀၀၀ အထိ ရယူပြီး တက်ရောက်နိုင်ပါတယ် ။ International Foundation Year က (၁၀) တန်း ၊ GCSE , ‘O’Level ပြီးထားသူများအတွက် ဘွဲ့ဒီဂရီတန်း ဝင်ခွင့်ရဖို့ လစ်လပ်နေတဲ့ Year 12 Education ကို ဖြည့်စွက်ပေးပြီး UKVI IELTS (5.0) Overall ရှိထားဖို့လိုအပ်မှာ ဖြစ်ပါတယ် ။ International Year One က ဘွဲ့ဒီဂရီပထမနှစ်နဲ့ ညီမျှတဲ့ Program ဖြစ်ပြီး A/AS Levels နဲ့ IB Diploma ပြီးထားသူများ၊ UKVI IELTS (5.5) Overall ရှိထားပါက လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ Pre- Master Program က University of Sussex မှာ ရှိတဲ့ Master Programmes တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘွဲ့ဒီဂရီ တစ်ခုရှိထားပြီး UKVI IELTS (5.5 to 6.0) အတွင်းရှိထားသူတွေ လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။ ဘွဲ့ဒီဂရီတန်းမှာ Accounting, Banking & Finance , Biochemistry, Biomedical Science , Business and Management, Computer Sciences & Artificial
Intelligence, Drama & Theatre , Engineering and Robotics, Filmmaking and Media Production, International Relations စတဲ့ Programmes တွေကို ဆက်လက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။
Online Learning နဲ့တက်ရောက်ရမှာဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
-သန္တာ
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««