ဗီဒီယို chat အတွင်း post တွေ အတူကြည့်ရှုနိုင်မယ့် feature ကို Instagram ဖြန့်ချိ

Instagram မှာ သူငယ်ချင်းတွေနဲ့ ဗီဒီယို chat လုပ်တဲ့အခါ အိမ်ထဲမှာ သီးသန့်နေထိုင်ရတဲ့ အခြေအနေကနေ ပျော်စရာကောင်းတဲ့ အခြေအနေဖြစ်လာအောင် လုပ်ဆောင်ချက်တစ်ခု ပါဝင်လာပါတယ်။ Instagram ကတော့ Co-Watchiing အမည်ရ ဗီဒီယို chat ဒါမှမဟုတ် group video chat ပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ Liked ဒါမှမဟုတ် Saved လုပ်ထားတဲ့ post တွေကို ကြည့်တာ ဒါမှမမဟုတ် Instagram ကမှတ်ချက်ပေးတာကို ကြည့်တာလည်း လုပ်နိုင်ပါတယ်။

Co-Watching နဲ့ဆိုရင် လူတွေက Instagram ပေါ်က အရာတွေကို သူငယ်ချင်းအချင်းချင်း စကားပြောဆိုနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက app လူတွေကို ဆွဲထည့်ပြီး ဗီဒီယိုခေါ်ဆိုမှု ပိုမိုပြုလုပ်ကာ ဝေမျှဖို့ post တွေကို Saved လုပ်လာဖို့ အားပေးနိုင်ပါတယ်။ Instagram ဟာ Co-Watching ကိုစမ်းသပ်နေတာ တစ်နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။ ဒါကြောင့် feature ကိုလည်ပတ်တဲ့အခါ နည်းပညာနဲ့ privacy အခက်အခဲတချို့ကို လုပ်ဆောင်ရဦးမှာပါ။

စိုးထက်
Ref: TechCrunch