ဗီဒီယို call တွေကို podcast အဖြစ်အသွင်ပြောင်းပေးမယ့် လုပ်ဆာင်ချက် Anchor ဖြန့်ချိ

Spotify ကပိုင်ဆိုင်တဲ့ podcast ဖန်တီးနိုင်တဲ့ Anchor app မှာ ဗီဒီယို call တွေကို မှတ်တမ်းတင်ပြီး podcast အဖြစ် ပြောင်းလဲခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ Zoom မှာ တွေ့ဆုံတဲ့အခါမှာ တစ်ခုခုအကြောင်း ဆွေးနွေးတာတွေကို မှတ်တမ်းတင်ပြီး podcast အဖြစ်အသွင်ပြောင်းလို့ရပါတယ်။ အဲဒီ podcast ကို ဖြန့်ချိ၊ ဝေမျှနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူက Anchor မှာ ဗီဒီယိုမှတ်တမ်းဖိုင်ကို တင်လိုက်ရင် ဖိုင်ထဲက အသံကိုပဲ ဆွဲထုတ်ပေးပါမယ်။ အခု tool ကို Anchor ဝက်ဘ်ဆိုက်ပေါ်မှာလည်း အသုံးပြုနိုင်ပြီး .mp4 နဲ့ .mov upload တွေထောက်ပံ့ပေးပါတယ်။

သုံးစွဲသူက ကိုယ်ပိုင် ဗီဒီယို call မှတ်တမ်းရယူတဲ့အခါမှာ ဗီဒီယိုဝန်ဆောင်မှုအပေါ်မူတည်ပြီး podcast ပြောင်းလဲတဲ့ လုပ်ငန်းစဉ်ကွဲပြားပါတယ်။ အဲဒီအတွက် Anchor က Google Meet, Zoom, Instagram Live, Skype, FaceTime နဲ့ Twitch ပေါ်က ဗီဒီယိုမှတ်တမ်းတွေကို ဘယ်လိုရယူမလဲဆိုတာကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်။ Anchor က platform မှာ YouTube ဗီဒီယို လင့်ခ်ကို တိုက်ရိုက်တင်လို့မရဘဲ raw ဖိုင် (.mpe4 ဒါမှမဟုတ် .mov) ကိုပဲ တင်နိုင်မယ်လို့ ပြောထားပါတယ်။

Anchor ရဲ့ feature အသစ်တွေက လူတွေ podcast များစွာ လုပ်လာဖို့ အားပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Anchor ဟာ မေလ ၂၄ရက်မှာ account မလိုဘဲ browser ကနေ podcast လုပ်ဖို့ နည်းလမ်းကို မိတ်ဆက်ထားပါတယ်။

စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .