ဗီဒီယိုအတွက် ကြည့်ရှုနိုင်မယ့် အသက်အရွယ်ကို ပိုမိုကန့်သတ်မယ့် YouTube

YouTube ကတော့ ဗီဒီယိုအတွက် အသက်အရွယ်ကန့်သတ်မှု ပိုမိုပြုလုပ်ဖို့ artificial intelligence နည်းပညာတစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။ ဒါကြောင့် YouTube မှာ ဗီဒီယိုကြည့်ရှုမယ့်သူတွေက account တွေနဲ့ sing in ဝင်ရပါတော့မယ်။

YouTube ဟာ ၂၀၁၇ ခုနှစ်စပြီး platform ပေါ်က အကြမ်းဖက်ပြီး ပြင်းထန်တဲ့ ဗီဒီယိုတွေကို ခြေရာခံဖို့ အသုံးပြုတဲ့ machine learning နည်းပညာ အသုံးပြုထားပါတယ်။ အခုနည်းပညာကလည်း အဲဒီနည်းလမ်းနဲ့ ဆင်ပါတယ်။

YouTube ဟာ အလားတူချဉ်းကပ်မှုကို အသုံးပြုပြီး အသက်အရွယ်အလိုက် ဗီဒီယိုကြည့်ရှုခွင့်ကို အလိုအလျောက် သတိပေးသွားပါမယ်။

ရလဒ်ကတော့ YouTube ဟာ အသက်အရွယ် ကန့်သတ်ချက်အလိုက် ဗီဒီယို ဖော်ပြမှုတွေကို ပိုမို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««