ဗီဒီယိုများစွာနဲ့ မိတ်ဆက်လိုက်တဲ့ iPhone 11 ရဲ့ ‘Slofie’ feature

Apple ဟာ iPhone 11, iPhone 11 Pro နဲ့ iPhone 11 Pro Max ပေါ်က slo-mo selfie feature ကိုဆက်လက် တိုးချဲ့ ကြော်ငြာနေပါတယ်။ အခုတစ်ပတ်အတွင်း Apple က “Slofie” feature ကိုအခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်တဲ့ အကြောင်းကို ဗီဒီယိုများစွာနဲ့ ပြသပေးခဲ့ပါတယ်။

ဗီဒီယိုတွေတိုင်းမှာ “Slofie” ကိုအဖွဲ့လိုက် ဓာတ်ပုံရိုက်တာ၊ မိုးရေထဲမှာ ဓာတ်ပုံရိုက်တာအပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးမှာ အသုံးပြုပုံကို ပြသထားပါတယ်။ iPhone 11 ရှေ့ကင်မရာပေါ်က slo-mo ကိုအသုံးပြုပြီး selfie ကို အကဗီဒီယိုအဖြစ် အသွင်ပြောင်းနို်ငမယ်လို့ Apple ကကြော်ငြာထားပါတယ်။

Apple အနေနဲ့ နောက်ဆုံးပေါ် iPhone မော်ဒယ်တွေအတွက် slo-motion selfie ရိုက်ကူးနိုင်တာကို ဖော်ပြမှုအဖြစ် “Slofie” ဆိုတဲ့အသုံးအနှုန်းကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ iPhone 11 နဲ့ iPhone 11 Pro တို့ဟာ တစ်စက္ကန့် frame 120 နဲ့ ရှေ့ကင်မရာမှာ slow-motion ဗီဒီယိုရိုက်ကူးမှုပါဝင်လာတဲ့ ပထမဆုံး iPhone တွေဖြစ်လာပါတယ်။

Slofie ဆိုတဲ့အသုံးအနှုန်းကို iOS အတွင်းမှာ မတွေ့နိုင်ပါဘူး။ အဲဒီအသုံးအနှုန်းကို ဈေးကွက်ရှာဖွေဖို့အတွက် Apple ကဖန်တီးထားတာ ဖြစ်ပါတယ်။

စိုးထက်
Ref: 9to5Mac