ဗီဒီယိုနဲ့ ဓာတ်ပုံတွေ အလိုအလျောက် ဖျက်ပေးမယ့် WhatsApp လုပ်ဆောင်ချက်

WhatsApp ဟာ ပေးပို့ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် GIF တွေကို တစ်ဖက်လူ ကြည့်ပြီးတာနဲ့ အလိုအလျောက် ဖျက်ပေးမယ့် လုပ်ဆောင်ချက်ကို ဆောင်ရွက်နေပါတယ်။

WhatsApp က အသစ်ဖြန့်ချိမယ့် လုပ်ဆောင်ချက်အသစ် “Expiring Media” ကိုတော့ WhatsApp ကျွမ်းကျင်ပညာရှင်တွေ အင်ဒီအဖွဲ့ WABetaInfo ကတွေ့ခဲ့ပါတယ်။

သုံးစွဲသူတွေက message box ဘေးက ခလုတ်ကို နှိပ်ပြီး မီဒီယာတစ်ခုခု မပို့ခင် feature ကိုဖွင့်ရမယ်လို့ WABetaInfo ကပြောခဲ့ပါတယ်။

လက်ခံရရှိသူက ဓာတ်ပုံ၊ ဗီဒီယိုနဲ့ GIF ကိုမြင်ပြီး chat ထဲက ထွက်လိုက်ရင် အဲဒီ မီဒီယာတွေ ပျောက်သွားပါမယ်။ Expiring Media လုပ်ဆောင်ချက်ကတော့ WhatsApp beta Android ဗားရှင်း 2.20.2011 မှာ ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: DailyMail

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««