
Nvidia ဟာ ဗီဒီယိုခေါ်ဆိုတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ Nvidia Maxine အမည်ရ developer ဗီဒီယိုကွန်ဖရင့်ပလက်ဖောင်းကို မိတ်ဆက်လိုက်ပါတယ်။
Maxine ဟာ Nvidia ရဲ့ GPU အသုံးပြုပြီး cloud ထဲက ဖုန်းခေါ်ဆိုမှုလုပ်ငန်းစဉ်ကို လုပ်ကိုင်ပြီး AR အကူအညီနဲ့ ခေါ်ဆိုမှု အရည်အသွေးကိုမြှင့်တင်နိုင်ပါတယ်။ AI အသုံးပြုပြီး Maxine ဟာ ခေါ်ဆိုသူရဲ့ မျက်နှာနဲ့ အကြည့်တွေကို ချိန်ညှိပေးနိုင်တာကြောင့် ကင်မရာနဲ့ မျက်လုံးတသားတည်းဖြစ်ပြီး ဗီဒီယို bandwidth လိုအပ်ချက်ကိုလည်း လျှော့ချပေးပါတယ်။ ဒါ့အပြင် ဗီဒီယိုရုပ်ထွက်အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ Maxine မှ အခြား feature တွေကတော့ မျက်နှာအလင်းချိန်ညှိပေးတာ၊ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်တာ၊ စာနဲ့မှတ်တမ်းတင်နဲ့ animation avatar တွေလည်း ပါဝင်လာပါတယ်။
စိုးထက်
Ref: TheVerge