ဗိုင္းရပ္စ္တိုက္ခိုက္မႈေၾကာင့္ iPhone အစိတ္အပိုင္းေတြ ထုတ္လုပ္တဲ့ TSMC စက္႐ံုမ်ား ရပ္ဆိုင္းခဲ့

[Zawgyi]

ခ်စ္ပ္ကုမၸဏီ Taiwan Semiconductor Manufacturing Co. ဟာ ကုမၸဏီရဲ႕ စနစ္ေတြကို ကြန္ပ်ဴတာဗိုင္းရပ္စ္တစ္မ်ိဳးက တိုက္ခိုက္ခံရတဲ့ေနာက္ စက္႐ံုအခ်ိဳ႕ကို ရပ္ဆိုင္းခဲ့တယ္လို႔ Bloomberg က ေဖာ္ျပခဲ့ပါတယ္။

TSMC ဟာ ကမ႓ာ့ဒုတိယအႀကီးဆံုး ခ်စ္ကုမၸဏီျဖစ္ၿပီး ADM, Apple, Nvidia နဲ႔ Qualcomm တို႔လို ကုမၸဏီေတြအတြက္ အစိတ္အပိုင္းေတြကို ေထာက္ပံ့ေနသူျဖစ္ပါတယ္။ အဆိုပါဗိုင္းရပ္စ္ဟာ ကုမၸဏီရဲ႕ ထုတ္လုပ္တပ္ဆင္မႈ ကိရိယာအမ်ားအျပားထံ ကူးစက္ပ်ံ႕ႏွံ႔ခဲ့တယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။ စက္႐ံုအခ်ိဳ႕က လုပ္ငန္းလည္ပတ္ေဆာင္ရြက္မႈေတြကို ျပန္လည္ျပဳလုပ္ေနၿပီလို႔ ဆိုပါတယ္။ ကုမၸဏီရဲ႕ စက္ရံုေတြကို ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဗိုင္းရပ္စ္ရဲ႕ ရင္းျမစ္ကို မသိရေသးေပမယ့္ ဟက္ကာရဲ႕ လက္ခ်က္မဟုတ္ဘူးလို႔ TSMC က ဆိုခဲ့ပါတယ္။

“TSMC ဟာ အရင္ကလည္း ဗိုင္းရပ္စ္ေတြရဲ႕ တိုက္ခိုက္မႈကို ခံခဲ့ရပါတယ္။ ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ ကၽြန္မတို႔ရဲ႕ ထုတ္လုပ္တပ္ဆင္မႈစနစ္ေတြ ပထမဆံုး တိုက္ခိုက္ခံခဲ့ရတာ ျဖစ္ပါတယ္” ဘ႑ာေရးအရာရိွခ်ဳပ္ Lora Ho က Bloomberg ကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ Apple အတြက္ ပ႐ိုဆက္ဆာေတြ ထုတ္လုပ္မႈကို ထိခိုက္ခဲ့ျခင္း ရိွ၊ မရိွနဲ႔ ဝင္ေငြ ဘယ္ေလာက္ဆံုး႐ံႈးသြားတယ္ဆိုတာကိုေတာ့ သူမက ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရိွပါဘူး။

အခုလို TSMC စက္႐ံုေတြ ရပ္ဆိုင္းတာဟာ ကုမၸဏီအတြက္ အေရးႀကီးတဲ့အခ်ိန္မွာ ျဖစ္ေပၚခဲ့တာပါ။ နည္းပညာကုမၸဏီ အမ်ားအျပားဟာ သူတို႔ရဲ႕ မ်ိဳးဆက္သစ္ထုတ္ကုန္ေတြကို ဒီႏွစ္ကုန္ပိုင္းမွာ ျဖန္႔ခ်ိသြားဖို႔ လုပ္ေဆာင္ေနပါတယ္။ ကုမၸဏီဟာ ေမလမွာ ဒီႏွစ္ iPhone ေတြမွာ အသံုးျပဳဖြယ္ရိွတဲ့ Apple ရဲ႕ A12 ခ်စ္ပ္ေတြကို စတင္ထုတ္လုပ္ခဲ့ပါတယ္။ A12 ခ်စ္ပ္ဟာ ခ်စ္ပ္ေတြကို ပိုမိုေသးငယ္ကာ လ်င္ျမန္ေစၿပီး စြမ္းအင္သံုးစြဲမႈ သက္သာေစမယ့္ 7nm process သစ္သံုးထားတဲ့ ပထမဆံုး A စီးရီး ခ်ပ္စပ္ျဖစ္တယ္လို႔ သိရပါတယ္။

Ref: TheVerge

[Unicode]

ချစ်ပ်ကုမ္ပဏီ Taiwan Semiconductor Manufacturing Co. ဟာ ကုမ္ပဏီရဲ့ စနစ်တွေကို ကွန်ပျူတာဗိုင်းရပ်စ်တစ်မျိုးက တိုက်ခိုက်ခံရတဲ့နောက် စက်ရုံအချို့ကို ရပ်ဆိုင်းခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

TSMC ဟာ ကမ႓ာ့ဒုတိယအကြီးဆုံး ချစ်ကုမ္ပဏီဖြစ်ပြီး ADM, Apple, Nvidia နဲ့ Qualcomm တို့လို ကုမ္ပဏီတွေအတွက် အစိတ်အပိုင်းတွေကို ထောက်ပံ့နေသူဖြစ်ပါတယ်။ အဆိုပါဗိုင်းရပ်စ်ဟာ ကုမ္ပဏီရဲ့ ထုတ်လုပ်တပ်ဆင်မှု ကိရိယာအများအပြားထံ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ စက်ရုံအချို့က လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတွေကို ပြန်လည်ပြုလုပ်နေပြီလို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ စက်ရုံတွေကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ရဲ့ ရင်းမြစ်ကို မသိရသေးပေမယ့် ဟက်ကာရဲ့ လက်ချက်မဟုတ်ဘူးလို့ TSMC က ဆိုခဲ့ပါတယ်။

“TSMC ဟာ အရင်ကလည်း ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ ထုတ်လုပ်တပ်ဆင်မှုစနစ်တွေ ပထမဆုံး တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်” ဘဏ္ဍာရေးအရာရှိချုပ် Lora Ho က Bloomberg ကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ Apple အတွက် ပရိုဆက်ဆာတွေ ထုတ်လုပ်မှုကို ထိခိုက်ခဲ့ခြင်း ရှိ၊ မရှိနဲ့ ဝင်ငွေ ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ သူမက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

အခုလို TSMC စက်ရုံတွေ ရပ်ဆိုင်းတာဟာ ကုမ္ပဏီအတွက် အရေးကြီးတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။ နည်းပညာကုမ္ပဏီ အများအပြားဟာ သူတို့ရဲ့ မျိုးဆက်သစ်ထုတ်ကုန်တွေကို ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီဟာ မေလမှာ ဒီနှစ် iPhone တွေမှာ အသုံးပြုဖွယ်ရှိတဲ့ Apple ရဲ့ A12 ချစ်ပ်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ A12 ချစ်ပ်ဟာ ချစ်ပ်တွေကို ပိုမိုသေးငယ်ကာ လျင်မြန်စေပြီး စွမ်းအင်သုံးစွဲမှု သက်သာစေမယ့် 7nm process သစ်သုံးထားတဲ့ ပထမဆုံး A စီးရီး ချပ်စပ်ဖြစ်တယ်လို့ သိရပါတယ်။

Ref: TheVerge