ဗဟိုထိန်းချုပ်မှုမရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ခြေရာခံ နည်းပညာအသုံးပြုမယ့် ဂျာမနီ

ဂျာမနီဟာ ကိုရိုနာဗိုင်းရပ်စ် ခြေရာခံဖို့ ဘယ်လို စမတ်ဖုန်းနည်းပညာ အမျိုးအစားကို အသုံးပြုမယ်ဆိုတာ ပြောလိုက်ပါတယ်။ Apple နဲ့ Google ထောက်ပံ့ထားတဲ့ နည်းပညာကို အခြားဥရောပနိုင်ငံတွေနဲ့ ဂျာမနီက ထောက်ခံလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံများစွာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အခြေအနေကို သိရှိနိုင်ဖို့ app တွေ အလျင်အမြန်ဖန်တီးနေကြပါတယ်။ ရောဂါလက္ခဏာမပြသဘဲ ကူးနိုင်တာကြောင့် ကူးစက်မှုနှုန်းကို သက်သေပြဖို့ ခက်ခဲနေကြပါတယ်။ဂျာမနီအဓိပတိဝန်ကြီးဖြစ်တဲ့ Helge Braun နဲ့ ကျန်းမာရေးဝန်ကြီး Jens Spahn တို့ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီဂျစ်တယ် contact tracing နည်းပညာကို ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ပုံစံအသုံးပြုသွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ခြေရာခံတဲ့အချက်အလက်တွေကို ကျန်းမာရေးအာဏာပိုင်တွေကပဲ ထိန်းချုပ်တဲ့ နည်းလမ်းကို ရှောင်လွှဲနိုင်မှာပါ။

ဥရောပမှာ နိုင်ငံများစွာက မိုဘိုင်းဖုန်းတွေအကြား ဆက်သွယ်နိုင်တဲ့ လှိုင်းတို Bluetooth ကိုရွေးချယ်အသုံးပြုကြပြီး တည်နေရာအချက်အလက် မထောက်ပံ့ထားတဲ့ ဖြစ်နိုင်ခြေ contact စာရင်းသွင်းတဲ့ အကောင်းဆုံးနည်းလမ်း အဖြစ် သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် သူတို့တွေက contact တွေကို အဓိက ဆာဗာပေါ်မှာ ဒါမှမဟုတ် ထုတ်ကုန်တစ်ခုမှာ စာရင်းသွင်းထားတာ သဘောမတူပါဘူး။ အဲဒီအချက်အလက်တွေက ရောဂါကူးစက်ခံရနိုင်သူကို အိမ်တိုင်ရာရောက်နဲ့ ဖုန်းဆက်ပြီး သတိပေးဖို့ contact tracing အဖွဲ့တွေအတွက် အသုံးဝင်နိုင်ပါတယ်။

ဗဟိုထိန်းချုပ်မှုကင်းမဲ့တဲ့ နည်းလမ်းကြောင့် သုံးစွဲသူတွေက ဖုန်းနံပါတ် ဒါမှမဟုတ် ရောဂါလက္ခဏာအသေးစိတ်ကို ထည့်သွင်း၊ မသွင်းကို ဆုံးဖြတ်နိုင်ပါမယ်။ ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ လည်း ဆက်သွယ်ရလွယ်ကူပြီး အန္တရာယ်ရှိနိုင်တဲ့ ဖြစ်ရပ်အတွင်း အကောင်းဆုံးနည်းလမ်းအတွက် အကြံပေးသွားပါမယ်။ကိုရိုနာဗိုင်းရပ်စ် ခြေရာခံတဲ့ app အတွင်း လူတစ်ဦးတစ်ယောက်ရဲ့ သဘောတူညီချက်ကို ပိုမိုထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Reuters

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .