ဖျက်လိုက်ပြီးသား iPhone app တွေကို ဘယ်လိုပြန် Install ပြုလုပ်မလဲ
[ Zawgyi ]
ရဲထွဋ်ဝင်း
[ Unicode ]
မိမိအနေနဲ့ ဖျက်လိုက်ပြီးသား App တွေကို App Sotre ကနေပဲ အလွယ်တကူ Install ပြုလုပ်နိုုင်ပါတယ်။ App ရဲ့ နာမည်ကို မမှတ်မိတာမျိုး ဒါမှမဟုတ် App နာမည်ကို ရိုက်ထည့်ပြီး ရှာတာမျိုးတွေ ထပ်လုပ်စရာမလိုဘဲနဲ့ reinstall ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ ၀ယ်ယူထားတဲ့ App တွေကို reinstall ပြန်လုပ်မယ်ဆိုရင် ပိုက်ဆံထပ်ပြီး ပေးစရာမလိုဘဲနဲ့ ထည့်သွင်းနိုင်မှာလည်း ဖြစ်ပါတယ်။
ဖျက်လိုက်ပြီးသား App တွေကို reinstall ပြန်လုပ်ဖို့ အရင်ဆုံး App Store ကို ဖွင့်လိုက်ပါ။
App Store ပွင့်လာရင်တော့ မြင်ကွင်းရဲ့ ညာဘက် အောက်ထောင့်နားက Updates ဆိုတာကို နှိပ်ပါ။
Update ကိုနှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ App တွေကို မြင်တွေ့ရမှာဖြစ်ပြီး မြင်ကွင်းအပေါ်နားဘက်နားက Purchased ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ မိမိ Download ပြုလုပ်ထားတဲ့ အခမဲ့နဲ့ အခပေး App နဲ့ ဂိမ်းတွေ ပေါ်လာမှာဖြစ်ပြီး Not on This iPhone ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။
Not on This iPhone ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ install မလုပ်ထားတဲ့ တစ်နည်း ဖျက်ပြီးသားဖြစ်တဲ့ App တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီထဲက မိမိအနေနဲ့ reinstall ပြန်လုပ်ချင်တဲ့ App ကိုရွေးပါ။
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Cloud icon ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ ဖုန်းထဲကို App ကို ပြန်လည် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။