ဖောက်ထွင်းမြင်နိုင်တဲ့ Xiaomi TV

Xiaomi ရဲ့အသစ်မိတ်ဆက်လိုက်တဲ့ OLED TV ကတော့ ထုတ်ချင်းပေါက် ဖောက်ထွင်းမြင်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ Xiaomi ရဲ့ Mi TV LUX OLED Transparent Edition ဟာ ကုမ္ပဏီ ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

Xiaomi TV မှာတော့ ဖောက်ထွင်းမြင် OLED နည်းပညာ (TOLED) ဆိုတာ အသုံးပြုထားပါတယ်။ TOLED မျက်နှာပြင်တွေက ဖောက်ထွင်းမြင်နိုင်တဲ့ အစိတ်အပိုင်းတွေ အသုံးပြုထားတဲ့အတွက် backlight မလိုဘဲ ရုပ်ပုံတွေက လေမှာ လွင့်မျောနေသလိုပါပဲ။ OLED မျက်နှာပြင် အများစုက အလင်းပြန် cathode အလွှာကို အသုံးပြုကြတာကြောင့် ဖောက်ထွင်းမမြင်နိုင်ပါဘူး။

Xiaomi ရဲ့ Mi TV LUX မျက်နှာပြင်အရွယ်အစားက ၅၅ လက်မရှိပြီး 120Hz refresh rate, response time ကတော့ တစ်မိနစ်ရှိကာ 1500,000:1 contrast ratio နဲ့ DCI-P3 အရောင် ၉၃ ရာခိုင်နှုန်း ပါဝင်လာပါတယ်။

Xiaomi အနေနဲ့ ရုပ်ထွက်ပိုင်းအတွက် AI Master Smart Engine နဲ့ သီးသန့်ဖန်တီးထားတဲ့ MediaTek 9650 chip တို့နဲ့ ချိန်ညှိထားပါတယ်။ TV ကို တရုတ်နိုင်ငံမှာ ယွမ် ၄၉,၉၉၉ (ဒေါ်လာ ၇,၂၀၀) နဲ့ရောင်းချပါမယ်။ ဩဂုတ် ၁၆ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: TheVerge