ဖေဖော်ဝါရီ ၄ ရက်မှာ မိတ်ဆက်မယ့် Poco X2

Poco ဟာ သီးသန့်ကုမ္ပဏီအဖြစ် အသွင်ပြောင်းပြီးနောက် ကုမ္ပဏီရဲ့ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ Poco X2 ကိုဖေဖော်ဝါရီ ၄ရက်မှာ မိတ်ဆက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အခုဖုန်းရဲ့ refresh rate နဲ့ gaming ဟာအလွန်ကောင်းမွန်မယ်လို့ သိရပါတယ်။ ကင်မရာပိုင်းမှာ Sony IMX686 sensor အသုံးပြုထားပြီး liquid cooling နဲ့ Qualcomm chipset ကိုအသုံးပြုထားပါတယ်။

 

 

Poco X2 ကို Twitter မှာမိတ်ဆက်ခဲ့ပြီး လင့်ခ် အတိုတစ်ခုလည်း ထည့်သွင်းထားပါတယ်။ အဲဒီလင့်ခ်ကို နှိပ်လိုက်ရင် Poco ရဲ့ refresh rate ကြော်ငြာတဲ့ စာမျက်နှာကို ရောက်သွားမှာ ဖြစ်ပါတယ်။

   

ဒါကြောင့် smoothaf.co.in ဆိုတဲ့လင့်ခ်ကို မိုဘိုင်းမှာ ကြည့်မယ်ဆိုရင် Poco က 120Hz မျက်နှာပြင်ကို ကြော်ငြာတဲ့နည်းလမ်းကို ချောမွေ့စွာကြည့်နိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena