ဖေဖော်ဝါရီ ၂၅မှာ မိတ်ဆက်မယ့် Samsung Galaxy M31

Samsung ဟာပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက Galaxy M30 ကိုမိတ်ဆက်ခဲ့ပါတယ်။ စက်တင်ဘာလက M30s ကိုမိတ်ဆက်ထားတဲ့အတွက် ဒီနှစ်မှာတော့ M31 ကိုမိတ်ဆက်ပါမယ်။ Samsung ဟာ အိန္ဒိယအတွက် တရားဝင်ဝက်ဘ်ဆိုက်မှာ ဖေဖော်ဝါရီ ၂၅မှာ Galaxy M31 ကိုမိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။

                             

M31 ဖုန်းမှာ ကျောဘက်ကင်မရာ ၄လုံးပါဝင်ပြီး အဓိက ကင်မရာကတော့ 64MP ဖြစ်ပါတယ်။ ကျောဘက်မှာပဲ fingerprint sensor ပါဝင်လာပြီး ဘက်ထရီကတော့ 6,000mAh ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ AMOLED ဖြစ်ပြီး ရှေ့ဘက်ကင်မရာကို notch ထဲထည့်သွင်းထားပါတယ်။

M31 မှာ Snapdragon 665 SoC ဒါမှမဟုတ် Exynos 9611 အသုံးပြုထားဖွယ်ရှိပါတယ်။ M31 ကျောဘက်ကင်မရာတွေကတော့ အဓိကကင်မရာ၊ ultrawide အပြင် depth sensor နဲ့ macro cam တို့ပါဝင်လာပါမယ်။

-စိုးထက်
Ref: GSMArena