
Sony ဟာ မျိုးဆက်သစ် Xperia စမတ်ဖုန်းသစ်တွေ မိတ်ဆက်မယ့်ရက်ကို ထုတ်ပြန်လိုက်ပါတယ်။ Sony ဟာ MWC ပွဲမှာ ဖုန်းသစ်ကို ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။
Sony ရဲ့ ဖိတ်စာမှာ ဖေဖော်ဝါရီ ၂၄ မှာ ဟန်းဆက်သစ်တွေကို မိတ်ဆက်ပြီး livestream လွှင့်သွားမယ်လို့ ရေးသားထားပါတယ်။ MWC ပွဲမှာ Xperia 5 Plus နဲ့ Snapdragon 765 platform ပါဝင်တဲ့ အလယ်အလတ်တန်းစား ထုတ်ကုန်တွေလည်း Sony မိတ်ဆက်နိုင်ပါတယ်။ ပြီးခဲ့တဲ့လက Sony Xperia 3 နဲ့ပတ်သက်တဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ထားပါတယ်။
Sony အနေနဲ့ ပွဲမှာ ဘယ်လိုဖုန်းမျိုး မိတ်ဆက်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။
စိုးထက်
Ref: GSMArena