ဖေဖော်ဝါရီ ၁၄ မှာ ကြိုတင်မှာယူနိုင်မယ့် Samsung Galaxy S20

Samsung ဟာဖေဖော်ဝါရီ ၁၁ရက်မှာ Galaxy S20 ဖုန်းတွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုအခါမှာ Samsung Galaxy S20 ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ထွက်ရှိလာပါတယ်။ တောင်ကိုရီးယားမှာ ဖုန်းကို ဒေါ်လာ ၁,၀၀၀ ကျော်နဲ့စတင်ရောင်းချပြီး Galaxy S20 Ultra ကိုတော့ ဒေါ်လာ ၁,၃၅၀နဲ့ ရောင်းချမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Galaxy S20 ဖုန်းတွေကိုတော့ ဖေဖော်ဝါရီလ ၁၄ရက်မှာ ကြိုတင်မှာယူနိုင်ပြီး မတ်လ ၆ရက်မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။Galaxy S20 ကိုတော့ ကိုရီးယားဝမ် ၁.၂၅သန်း (ဒေါ်လာ ၁,၀၅၂) နဲ့စတင်ရောင်းချမှာ ဖြစ်ပြီး S20 Plusကိုတော့ ဒေါ်လာ ၁,၁၃၇နဲ့ရောင်းချမယ်လို့ သိရပါတယ်။ Galaxy S20 Ultra ရဲ့ storage 256GB ကတော့ ကိုရီးယားဝမ် ၁.၆သန်းကျသင့်ပါမယ်။ အခုဈေးနှုန်းတွေကတော့ RAM 12GB ဗားရှင်းတွေအတွက်ပဲ ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena