ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ့် Samsung Galaxy S20

Samsung ဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့်ပွဲမှာ Samsung S20, S20 Plus နဲ့ S20 Ultra တို့ကို မိတ်ဆက်ဖွယ်ရှိပါတယ်။ အဲဒီဖုန်းတွေကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရမယ့် ကြိုတင်မှာယူမှုအတွက် စာရင်းပေးနိုင်ပြီ ဖြစ်ပါတယ်။

ဖုန်းဝယ်ယူလိုသူတွေက ဖုန်းကို ကြိုတင်မှာယူဖို့ Samsung ဝက်ဘ်ဆိုက်မှာ စာရင်းပေးရမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ S20 စီးရီးဖုန်းတွေကို ဖေဖော်ဝါရီလမှာ မိတ်ဆက်ပေးမှာဖြစ်ပေမယ့် ခန့်မှန်းခြေ မတ်လ ၆ ရက်မှပဲ တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

အခုစနစ်က Samsung ဝက်ဘ်ဆိုက်မှာ ထုတ်ကုန်မှာယူနိုင်မယ့် တစ်နေရာကို ရယူနိုင်သလို ထုတ်ကုန်ကို ကြိုတင်မှာယူနိုင်တဲ့ အချိန်ရောက်ရင် သတိပေးသွားမှာလည်း ဖြစ်ပါတယ်။ Galaxy S20 ဖုန်းတွေ ဝယ်ယူမယ့်သူက Samsung ဝက်ဘ်ဆိုက်မှာ အမည်၊ ဆက်သွယ်နိုင်မယ့် အချက်အလက်နဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ရွေးချယ်ပေးရမယ်။

စိုးထက်
Ref: 9to5Google