ဖုန်းအသစ်တစ်မျိုး မိတ်ဆက်လိုက်တဲ့ HTC

HTC ဟာ Samsung Unpacked ပွဲမစခင် တစ်ရက်အလိုမှာ Desire 21 Pro 5G ကိုမိတ်ဆက်လိုက်ပါတယ်။ HTC ဟာ Android ဖုန်းလောကမှာ ဆရာတစ်ဆူ ဖြစ်ခဲ့ပြီး ဆက်လက်ရှင်သန်နေပါတယ်။

Desire 21 Pro 5G ဖုန်းကတော့ သပ်ရပ်မှုရှိပြီး မျက်နှာပြင် ၆.၇ လက်မ Full HD display နဲ့အတူ IPS panel အပြင် 90Hz refresh rate လည်းပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 690 ပရိုဆက်ဆာ၊ RAM 8GB နဲ့ internal storage 128GB အသုံးပြုထားပါတယ်။ ဒါ့အပြင် microSD ကတ်ကိုလည်း ထည့်လို့ရပါတယ်။ ကျောဘက်မှာ ကင်မရာ ၄ လုံး 48-megapiixel, 8-megapixel ultrawide, 2-megapixel macro နဲ့ 2-megapixel depth sensor တို့ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 5,000mAh ဖြစ်ပါတယ်။ Desire 21 Pro ဟာ 5G ဖုန်းဖြစ်ပြီး Android 11 လည်းပါဝင်လာပါတယ်။

HTC ဟာ Desire 21 Pro 5G ကိုတော့ ထိုင်ဝမ်ဒေါ်လာ ၁၁,၉၉၀ (၄၂၈ ဒေါ်လာ) နဲ့ရောင်းချသွားပါမယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««