ဖုန်းအင်တာနက်နဲ့ လိုင်းအားနည်းတာကို ပြင်ဆင်နိုင်မယ့် နည်းလမ်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေထိုင်ရတဲ့ ကာလအတွင်းမှာ ဖုန်းကိုပဲ အားပြုပြီး အင်တာနက်သုံးကာ ရပ်ဝေးက သူငယ်ချင်းတွေနဲ့ ဆက်သွယ်ကြရပါတယ်။ ဒါပေမဲ့ ဖုန်းကို အသုံးပြုနေရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းအင်တာနက် နှေးကွေးတာ၊ ဖုန်းလိုင်းအားနည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျရင် သုံးစွဲသူအတွက် အထောက်အကူ ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Airplane mode ကိုဖွင့်ပါ

ဖုန်းနဲ့ အင်တာနက် အသုံးပြုတဲ့အခါမှာ လိုင်းနှေးတာ၊ လိုင်းမတက်တော့တာ ဖြစ်ပေါ်လာရင်တော့ Airplane mode ကို အဖွင့်၊ အပိတ် လုပ်ပေးသင့်ပါတယ်။

ဖုန်းကို restart လုပ်ပါ

ကျွန်တော်တို့ရဲ့ ဖုန်းတွေက ကွန်ပျူတာတွေလိုပါပဲ။ တစ်ခါတလေ restart လုပ်ပေးပြီး ဖုန်းလိုင်းအားနည်းတာကို ပြင်နိုင်ပါတယ်။

ဆင်းမ်ကတ်ကို ဖြုတ်ပါ

နောက်နည်းလမ်းတစ်ခုကတော့ ဖုန်းဆင်းမ်ကတ်ကို ဖြုတ်ပြီး ဖုန်းထဲ ပြန်ထည့်ကာ ဖုန်းကို ဖွင့်ရတာ ဖြစ်ပါတယ်။ ဖုန်းဆင်းမ်ကတ်ကို ထုတ်ဖို့ စက္ကူညှပ်ကလစ်ကိုသုံးပြီး SIM tray ကိုထုတ်ဖို့ လိုပါမယ်။ ဖုန်းဆင်းမ်ကတ်ကို မထိခိုက်စေဖို့ သတိထားသင့်သလို မှန်ကန်စွာ ပြန်ထည့်သွင်းသင့်ပါတယ်။

iPhone အတွက် သိထားသင့်တဲ့အချက်အလက်များ

carrier settings ကိုစစ်ဆေးခြင်း

iPhone သုံးစွဲသူတွေအနေနဲ့ carrier settings ကို update လုပ်ဖို့ သတိပေးချက်ကို မြင်တွေ့ရင် ချိန်ညှိနိုင်ပါတယ်။ သုံးစွဲသူက Settings > General > About ကနေ update ကို install လုပ်နိုင်ပါတယ်။

network settings ကို reset လုပ်ခြင်း

တစ်ခါတလေမှာ စိတ်ညည်းညူစရာပြဿနာကို ပြင်ဆင်ဖို့ reset ကိုလုပ်ရနိုင်ပါတယ်။ ဖုန်းရဲ့ network settings ကို refresh လုပ်သင့်ပါတယ်။

တစ်ခုသတိပြုရမှာက network settings ကို reset လုပ်လိုက်ရင် save ထားတဲ့ Wi-Fi password တွေ၊ VPN connections တွေပြန်သတ်မှတ်ရပြီး သီးသန့် APN settings တွေအတွက် ထပ်ဆောင်း setup တွေလိုပါမယ်။

သုံးစွဲသူ reset လုပ်မယ်ဆိုရင် Settings > General > Reset > Reset Network Settings ကနေ လုပ်နိုင်ပါတယ်။ Reset လုပ်ဖို့ အတည်ပြုလိုက်ရင် ဖုန်းက restart ဖြစ်သွားပါမယ်။

စိုးထက်
Ref: CNET