ဖုန်းအခြေခံ Multi-factor authentication အသုံးမပြုဖို့ Microsoft တိုက်တွန်း

Microsoft က ဖုန်းအခြေခံ multi-factor authentication (MFA) ဖြစ်တဲ့ SMS နဲ့ ဖုန်းနဲ့ လှမ်းပို့တဲ့ တစ်ကြိမ်တည်းသုံး ကုတ်တွေ အသုံးမပြုကြဖို့ သုံးစွဲသူတွေကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီ နည်းလမ်းအစား MFA နည်းပညာအသစ် app အခြေခံ authenticator နဲ့ လုံခြုံရေး key အစားထိုးသင့်တယ်လို့ ပြောခဲ့ပါတယ်။

Microsoft က Identity Security ဒါရိုက်တာ အဲလက်စ်ဝီနာက သတိပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ သုံးစွဲသူတွေ အွန်လိုင်း account အတွက် MFA ကိုအသုံးပြုဖို့ Microsoft ကိုယ်စား တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ Microsoft အချက်အလက်ကို ကိုးကားပြီး MFA အသုံးပြုသူတွေဟာ အလိုအလျောက် တိုက်ခိုက်မှု ၉၉.၉ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ ဝီနာကပြောခဲ့ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့ blog post မှာတော့ သုံးစွဲသူတွေ အနေနဲ့ ဖုန်းအခြေခံ MFA ကိုအသုံးမပြုဘဲ အခြား MFA နည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

တယ်လီကွန်ရက်တွေမှာ ရှိတဲ့ လုံခြုံရေးအားနည်းချက်ကြောင့် အသုံးမပြုကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

SMS နဲ့ ဖုန်းခေါ်ဆိုမှုတွေကို cleartext နဲ့ ပို့လွှတ်လိုက်တာကြောင့် တိုက်ခိုက်သူတွေက အလွယ်တကူ ကြားဖြတ်ရယူနိုင်တယ်လို့ ဝီနာကပြောခဲ့ပါတယ်။

-စိုးထက်
Ref: ZDNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««