ဖုန်းထဲမှာဆောင်ထားသင့်တဲ့ အသုံးဝင်လှတဲ့ Android App များ

ပြည်တွင်းက App ရေးသားသူတွေရဲ့ အသုံးဝင်လှတဲ့ Android OS စနစ်သုံး App တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဖုန်းထဲကနေ လျှပ်စစ်မီတာခ ကြည့်ရှုတာတွေ၊ အော်ပရေတာ အားလုံးရဲ့ ဆင်းမ်ကတ်တွေကို ငွေဖြည့်သွင်းတာတွေ၊ အလုပ်အကိုင်ရှာတာတွေ၊ ဂီတာကော့ဒ်နဲ့ သီချင်းတွေရှာဖွေတာတွေ၊ ကျန်းမာရေး၊ အောင်မြင်ရေး စိတ်ဓာတ်ခွန်အားဆိုင်ရာ၊ ပြည်တွင်း ငွေလဲလှယ်နှုန်းစတာတွေကို App ကနေ အလွယ်တကူပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ၊ အစားအသောက်ဆိုင်ရာ၊ ချက်နည်းပြုတ်နည်းနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာဆိုင်ရာတွေအပြင် စာအုပ်တွေကို ဖတ်စရာမလိုဘဲ အသံနဲ့နားဆင်နိုင်မယ့် App တွေပါဝင်ပါတယ်။

Electric Bill Calculator

လျှပ်စစ်မီတာခ ကျသင့်ငွေပမာဏကို အလွယ်တကူ တွက်ချက်ကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ သုံးစွဲတဲ့ မီတာယူနစ်ပေါ် မူတည်ကာ အိမ်သုံးအတွက်နဲ့ လုပ်ငန်းသုံးနှစ်မျိုးလုံးအတွက် လျှပ်စစ်မီတာခ ကျသင့်ငွေကို တွက်ချက်ကြည့် နိုင်မှာဖြစ်ပြီး App ကို မြန်မာလိုအသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့အထက် မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Easy Mobile

ပြည်တွင်းက ဆက်သွယ် ရေးအော်ပရေတာလေးခုစလုံးရဲ့ ဖုန်းငွေဖြည့်ခြင်း၊ လက်ကျန်ငွေစစ်ခြင်း၊ Call Centre ဆက်သွယ်ခြင်း၊ ဖုန်းဘီလ်ချေးခြင်း၊ ဖုန်းဘီလ်လွှဲခြင်း စတာတွေကို အလွယ်တကူပြုလုပ်နိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းငွေဖြည့်ကတ်ကို ခဲခြစ်စရာမလိုဘဲ QR အသုံးပြုပြီး scan ဖတ်တာတွေကိုလည်း App ကနေ ပြုလုပ်နိုင်မှာဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

ရွှေနားဆင် အသံသွင်းစာအုပ် – Shwe Nar Sin Audio Book

စာဖတ်ဖို့ အချိန်မအားလပ်သူတွေအနေနဲ့ ဘတ်စ်ကားစီးချိန်၊ ကားစောင့်ချိန်၊ လမ်းလျှောက်ချိန်၊ အားကစားလုပ်ချိန်၊ အိမ်အလုပ် လုပ်ချိန်တွေမှာ အသံသွင်းစာအုပ်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ MPT ဖုန်းနံပါတ်ဖြင့်သာအသုံးပြုနိုင်မှာဖြစ်ပြီး စာရေးဆရာ၊ ဆရာမတွေရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စီးပွားရေးပညာဆိုင်ရာ စာအုပ်များ၊ ချောက်ချားဖွယ်ရာ သရဲတစ္ဆေဝတ္ထု၊ လျှို့ဝှက်သည်းဖို စုံထောက်ဝတ္ထု၊ အချစ်၊ ဟာသ အစရှိတဲ့ စာအုပ်တွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

MyanJobs – Myanmar Jobs မြန်မာအလုပ်အကိုင်

အလုပ်အကိုင် အခွင့်အလမ်းတွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ဘဏ်လုပ်ငန်းဆိုင်ရာ၊ သန့်ရှင်းရေး၊ ယာဉ်မောင်း၊ အိုင်တီ၊ အရောင်းနှင့် ဈေးကွက်ရှာဖွေရေးစတဲ့ ကဏ္ဍအလိုက် အလုပ်အကိုင်ပေါင်းများစွာကို App ကနေ အလွယ်တ ကူရှာဖွေနိုင်မှာဖြစ်ပြီး App ကို Android version 4.2 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင် မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

ပုံပြင်ကမ္ဘာ

ယဉ်ကျေးလိမ္မာဆိုင်ရာ ပုံပြင်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ မိဘမှ သားသမီး၊ ဆရာမှ ကျောင်းသား၊ ကျောင်းသူများကို ဥပမာပေးအနေနဲ့ ပြောပြဆုံးမနိုင်မယ့် ပုံပြင်တွေကို ဖတ်ရှုနိုင်မှာဖြစ်သလို ပုံပြင်ဖတ်ရှုသူတွေရဲ့ အသိဉာဏ်နဲ့ ဗဟုသုတပိုင်းကိုလည်း တိုးတက်ကောင်းမွန်စေမယ့် ပုံ ပြင်တွေကို စုစည်းပေးထားတာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Guitar Chords Store Myanmar + Free Tuna

ထွက်ရှိပြီး မြန်မာသီချင်းဂစ် တာကော့ဒ်စာရွက်တွေ ထောင်ချီပါဝင်တဲ့ App ဖြစ်ပါတယ်။ ရော့ခ်၊ ပေါ့ပ်၊ အချစ်၊ အလွမ်းသီချင်းမျိုးစုံ သီချင်းကော့ဒ်များ၊ အဆိုတော် တစ်ရာကျော်ရဲ့ သီချင်းစာသားနဲ့ ကောဒ့်များ၊ မြန်မာသီချင်းကော့ဒ် စာရွက်တွေများစွာပါဝင်ပြီး မိမိနှစ်သက်သလို ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။ အသစ်ထွက်ရှိတဲ့ သီချင်းအသစ်များရဲ့ ကောဒ့်တွေကိုလည်း Update ပြုလုပ်ပေးသွား မှာဖြစ်သလို မိမိအနေနဲ့ လိုချင်တဲ့ သီချင်းရဲ့ ကော့ဒ်တွေကိုလည်း တောင်းဆိုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

DhammaPayeik

ဓမ္မဒါနအနေနဲ့ ဖန်တီးထားတဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ App ဖြစ်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏာသုတ်၊ အဘိဏှသုတ်၊ ပရိမိတ္တဇာလသုတ်၊ ဆဒိသာပါလသုတ်၊ ရာဟုလော ဝါဒသုတ်၊ ဓာရဏပရိတ်တော်၊ ပဌာန်ဒေသနာတော်၊ မဟာသမယသုတ် စတာတွေကိုပါဠိ -အသံထွက် – မြန်မာပြန်အနေနဲ့ အသုံးပြုနိုင်မှာဖြစ်သလို အသံဖိုင်ကိုလည်း App ကနေ နာယူနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Channel Doctor – Myanmar Health ကျန်းမာရေး လမ်းညွှန်

ကျန်းမာရေးဗဟုသုတဆိုင်ရာ ဆောင်းပါး၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အလှအပ၊ အထွေထွေ၊ ရောဂါကာကွယ်ရေး အကြောင်းအရာတွေကို လေ့လာဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ကျန်းမာရေး လေ့ကျင့်ခန်း၊ ကလေးကျန်းမာရေး၊ ရောဂါကာကွယ်ရေး၊ ဝိတ်ချလိုသူတွေအတွက် Diet Plan စားသောက်နည်း၊ အစားအသောက်နဲ့ ကျန်းမာရေး၊ အထွေထွေကျန်းမာရေးစတဲ့ ကဏ္ဍအလိုက် အကြောင်း အရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ App ကို Online နဲ့ Offline ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.2 နဲ့အထက် မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

MyanTube Success Talk စာပေဟောပြောပွဲ Myanmar mp3

စာပေပြောဟောပွဲ၊ အောင်မြင်ရေးဆိုင်ရာ ဟောပြောပွဲ၊ စိတ်ဓာတ်ခွန်အား ပြည့်ဝစေမယ့် ဟောပြောချက်တွေကို အလွယ်တကူနားထောင်နိုင်မယ့် App ဖြစ်ပါတယ်။ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ ဆရာဦးအောင်သင်း၊ ဆရာအော်ပီကျယ်၊ ဆရာဦးကျော်ကျော်လှိုင်၊ ဆရာဦးဘုန်း(ဓာတု)၊ ဆရာချစ်ဦးညို၊ အောင်သမာဓိ ဆရာဦးအောင်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာနိုင်ဝင်းအောင်၊ ဆရာပြည်ခိုင်၊ ဆရာမာသင်၊ ဒီဒီးစတဲ့ ဆရာပေါင်းများစွာရဲ့ အသံဖိုင် ဟောပြောလမ်းညွှန်မှုတွေကို ဘတ်စ်ကားစီးရင်း လမ်းလျှောက်ရင်း အလွယ်တကူရွေးချယ် နားထောင်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

ဟင်းချက်မယ်

ကိုယ်တိုင်ဟင်းလျာတွေကို စမ်းသပ်ချက်ပြုတ်ချင်သူတွေ ဆောင်ထားသင့်တဲ့ App ဖြစ် ပါတယ်။ မြန်မာအစားအစာ၊ ထိုင်း၊ တရုတ်အစားအစာနဲ့ အခြားအစားအစာ ချက်ပြုတ်နည်းအဆင့်ဆင့်ကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဟင်းလျာတစ်ခုအတွင်း ပါဝင်တဲ့ပစ္စည်း၊ ကြာချိန်၊ ပြုလုပ်ပုံအဆင့်ဆင့်ကို မြန်မာလိုရေးသား ပေးထားပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်ပြီး Offline အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

MM bank exchange rate

ဗဟိုဘဏ်အပါအဝင် ပြည်တွင်းက အခြားဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူစတဲ့ ငွေကြေးလဲလှယ် နှုန်းထားတွေကို နေ့ရက်အလိုက် ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘဏ်တစ်ခုချင်းစီရဲ့ နိုင်ငံခြားငွေလဲလှယ် နှုန်းထားတွေကို အလွယ်တကူ ရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

Food Di

တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို အလွယ်တကူ ရှောင်ရှားနိုင်ဖို့အတွက် ပုံနဲ့တကွဖော်ပြထားပြီး ပုံစာတွေကို မြန်မာလို ဖန်တီးထားတာဖြစ်ပါတယ်။ မိမိအနေနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာကို search ကတစ်ဆင့် ရှာဖွေကြည့် ရှုနိုင်မှာဖြစ်ပြီး ဘာသာစကား ရွေးချယ်ကာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ လုပ်ပါ။

-ရဲထွဋ်ဝင်း