
(၁) ဖုန်းမှာ wide, fish eye နဲ့ macro ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် three-in-one lens ဖြစ်ပါတယ်။
သမားရိုးကျ ဖုန်းကင်မရာကို ပျင်းရိငြီးငွေ့နေသူအတွက် အခုထုတ်ကုန်က အသုံးဝင်လာပါမယ်။ အခု gadget မှာ မှန်ဘီလူး ၃ ခုပါဝင်ပြီး ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးနိုင်ပါတယ်။
(၂) အခုဖုန်း tripod ကိုအသုံးပြုပြီး influncer တွေက ဗီဒီယိုတွေ ဖန်တီးနိုင်ပါတယ်။
လက်ကိုင် tripod ဟာ ဗီဒီယိုဘလော့လုပ်တာ၊ ဓာတ်ပုံရိုက်ကူးတာ၊ ဗီဒီယိုရိုက်ကူးတာတွေ ဖန်တီးနိုင်ပါတယ်။ အခု tripod မှာBluetooth remote ပါဝင်လာပါတယ်။
(၃) UE Boom Speaker ဟာ အသံအား အလွန်ပြင်းထန်တယ်။
ဖုန်းနဲ့ စိတ်ကြိုက်သီချင်းတွေဖွင့်မယ်ဆိုရင် စပီကာလိုအပ်လာပါတယ်။ အခု Bluetooth Speaker ကရေစိုခံပြီး ဘက်ထရီ ၁၅ နာရီ အသုံးပြုနိုင်ကာ bass အသံလည်းကောင်းမွန်ပါတယ်။
(၄) ကားထဲမှာ ထည့်သွင်းအသုံးပြုဖို့ သံလိုက်ပါဝင်တဲ့ ဖုန်း holder တစ်ခုဖြစ်ပါတယ်။
အခုဖုန်း holder မှာ stand တစ်ခုနဲ့ သံလိုက်ကွင်းပါဝင်လာပါတယ်။ ဖုန်းကို သံလိုက်ကွင်းမှာ ကပ်ပြီး GPS ကြည့်နိုင်ပါတယ်။ ဒါ့အပြင် သံလိုက်က ၂ ခုပါဝင်တဲ့ အခြားသူတစ်ယောက်နဲ့ ဝေမျှသုံးစွဲနိုင်ပါတယ်။
(၅) သော့ပျောက်တာ ဒါမှမဟုတ် ထီးပျောက်တာကို ခြေရာခံပေးမယ့်စက်
Bluetooth ကတစ်ဆင့် tile တွေကို ဖုန်းနဲ့ချိတ်ဆက်ရပါမယ်။ အခု tile ကိုထုတ်ကုန်မှာ တွဲချိတ်ထားပြီး ပစ္စည်းပျောက်ဆုံးတဲ့အခါ အလွယ်တကူ ခြေရာခံနိုင်ပါမယ်။
(၆) ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ portable charger
အခု portabl charger မှာ port ၅ ခုပါဝင်လာပါတယ်။ USB ၂ခု၊ Lighting ၁ခု၊ USB-C နဲ့ micro တစ်ပေါက်စီ ပါဝင်လာပါတယ်။ ဒါ့အပြင် အားသွင်းမြန်ဆန်တဲ့ စနစ်လည်းထောက်ပံ့ထားပါတယ်။
(၇) Selfie ကောင်းကောင်းရိုက်ကူးလိုသူတွေအတွက် phone ring
ဖုန်းမှာ စိတ်ကြိုက် YouTube ဗီဒီယိုတွေကို သက်သောင့်သက်သာကြည့်နိုင်ဖို့ ring holder ကို အသုံးပြုသင့်ပါတယ်။ Selfie ရိုက်ကူးတဲ့အခါမှာလည်း အသုံးဝင်လာမှာပါ။
(၈) မီးအလင်းရောင် ထောက်ပံ့ပေးနိုင်တဲ့ tripod
ဖုန်းကို ဘယ်လိုပုံစံနဲ့မဆို တင်ထားနိုင်အောင် ချိန်ညှိပေးနိုင်ပါတယ်။ ဒါ့အပြင် အလင်းကို ထောက်ပံ့တဲ့ပုံစံကို ၃ ခု အထိ ခွဲထားပါတယ်။
(၉) အရေးကြီးကတ်နဲ့ ငွေကြေးထည့်ထားနိုင်တဲ့ ဖုန်း wallet
ဖုန်းတွေ ဒါမှမဟုတ် ဖုန်း case မှာတစ်ခုခုထည့်သွင်းဖို့ wallet ကိုကပ်ထားနိုင်ပါတယ်။ အဲဒီအိတ်ထဲမှာ ကတ်တွေလည်း အဆင်သင့်ဆောင်ထားလို့ရပါတယ်။
(၁၀) ချစ်စရာကောင်းတဲ့ ဖုန်းခရာကြိုး
ဆီလီကွန်နဲ့ ဖန်တီးထားတဲ့ ခရာကြိုးကို ဘယ်ဖုန်းနဲ့မဆို အသုံးပြုနိုင်ပါတယ်။ ကြိုးရဲ့ အရှည်ကို လိုသလို ချိန်ညှိနိုင်ပါတယ်။
(၁၁) ဖုန်းနဲ့ချိတ်ဆက်နိုင်တဲ့ ပေါင်ချိန်စက်
အခုပေါင်ချိန်စက်က ခန္ဓာကိုယ်အလေးချိန်၊ အရိုးသိပ်သည်းဆ၊ အဆီ၊ ဝမ်းတွင်းဆီ၊ ကြွက်သားသိပ်သည်းဆ၊ ရေအလေးချိန်နဲ့ အရိုးကြွက်သားတွေကို တွက်ချက်ပေးနိုင်ပါတယ်။
(၁၂) သီချင်းတွေ အတူတူနားထောင်နိုင်တဲ့ transmitter
အခုထုတ်ကုန်က gym ကစားသူတွေနဲ့ လမ်းလျှောက်အတူတူ လျှောက်သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ သီချင်းကို ဝေမျှနားထောင်နိုင်သလို Nintendo Switch ပေါ်က ဂိမ်းတွေ ဒါမှမဟုတ် ရုပ်ရှင်တွေကို အတူတူကြည့်ရှုနိုင်ပါတယ်။
(၁၃) ဖုန်းတင်ထားနိုင်တဲ့ gadget
အခု gadget ကို နံရံမှာကပ်ပြီး လက်တစ်ကမ်းအကွာကတစ်ဆင့် ဖုန်းကို တင်ထားနိုင်ပါတယ်။
(၁၄) ဆိုလာထောက်ပံ့မှုပါဝင်တဲ့ ဖုန်း charger
ဆိုလာ ဒါမှမဟုတ် နေရောင်ခြည်စွမ်းအင်သုံး charger ကအလွန်ပေါ့ပါးပြီး အိတ်မှာ အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။ ထုတ်ကုန် ၂ ခုကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်ပါတယ်။
(၁၅) ဖုန်းမသုံးမိအောင် တားဆီးပေမယ့် ဖုန်း jail cell
သင်ကိုယ်တိုင်က သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့အချိန်ဖြုန်းဖို့ ဖုန်းကို ဝေးဝေးထားမယ်ဆိုရင် အခုထုတ်ကုန်ကို အသုံးပြုသင့်ပါတယ်။
စိုးထက်
Ref: BuzzFeed