
Google ဟာ ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို စမ်းသပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Google က ဖုန်းအဝင်ခေါ်ဆိုမှုကို စိစစ်မယ့် Call Screen၊ စားသောက်ဆိုင်မှာ ကြိုတင်ဘွတ်ကင်တင်ပေးမယ့် Duplex နဲ့ ဒီလမှာတော့ ဖုန်းခေါ်ဆိုတဲ့ အကြောင်းအရာကို ပြသပေမယ့် Verified Call လုပ်ဆောင်ချက်တွေ မိတ်ဆက်ခဲ့ပါတယ်။
အခုအခါမှာလည်း Google က ဖုန်းပြောတဲ့အခါ အသုံးဝင်စေမယ့် “Hold for Me” လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Google ဟာ မနေ့ညက Pixel ဖုန်းအသစ်တွေ မိတ်ဆက်ရင်းနဲ့ Pixel နောက်ဆုံးပေါ် လှည့်ကွက်တွေကို ပြသသခဲ့ပါတယ်။ “Hold for Me” လုပ်ဆောင်ချက်ကတော့ ဖုန်းခေါ်ဆိုမှုကို ဖြေကြားချိန် အထိ လိုင်းပေါ်မှာ ရှိစေပြီး တစ်စုံတစ်ယောက်က ဖုန်းကိုင်လိုက်တာနဲ့ သတိပေးပါမယ်။
အဲဒီ နည်းပညာကို Call Screen နဲ့ Duplex နည်းပညာရဲ့ စမတ်ပေါ်မှာ တည်ဆောက်ခဲ့တယ်လို့ Google က ပြောထားပါတယ်။
-စိုးထက်
TechCrunch
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««