ဖုန်းကို Root လုပ်စရာမလိုဘဲ Android OS ရဲ့ Status Bar က icon တွေကို ဘယ်လိုပြောင်းမလဲ

ဖုန်းရဲ့မျက်နှာပြင်အပေါ်ပိုင်းရှိ Status Bar လို့ခေါ်တဲ့နေရာမှာ ဘက်ထရီအခြေအနေ၊ နာရီ၊ ဖုန်းအသံဖွင့်ထားလား၊ ပိတ်ထားလား၊ နှိုးစက်စနစ်သုံးထားလား စတာတွေကို သင့်အနေနဲ့ ဖုန်းကိုအသုံးပြုတဲ့အပေါ် မူတည်ပြီး ပုံသေဖော်ပြပေးပါတယ်။ ပုံမှန်အနေနဲ့ သုံးစွဲသူက ပြောင်းလဲလို့မရပေမယ့် အခုဖော်ပြပေးမယ့် third-party app ကို သုံးပြီး Status Bar က icon တွေ ပြောင်းလဲနိုင်ပါတယ်။ ဖုန်းကို Root လုပ်စရာ မလိုဘဲနဲ့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီ App ကို အခမဲ့အနေနဲ့ သုံးနိုင်မှာဖြစ်ပြီး Android 5.0 နဲ့ အထက်ဖုန်းတွေမှာ Status Bar က icon တွေကို ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်သလို သင့်အကြိုက် icon အရေအတွက်ကို ဖော်ထားတာနိုင်မှာလည်း ဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းထဲကို Super Status Bar ” Gestures, Notifications & more app ကို install လုပ်ပါ။ [PlayStore Link ] ပြီးရင်တော့ Open ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

App ကနေ လိုအပ်တဲ့ ခွင့်ပြုချက် permissions တောင်းပါမယ်။ Allow လုပ်ပေးလိုက်ပါ။

သင့်စိတ်ကြိုက် ပြောင်းလဲမှုတွေ လုပ်ကြည့်ဖို့အတွက် MODIFY ဆိုတဲ့ စာသားကို ရွေးလိုက်ပါ။ အဲလိုရွေးလိုက်ရင်တော့ သင့်အနေနဲ့ Status Bar ပေါ်မှာ ပေါ်စေချင်တာတွေ ရွေးချယ်ပြီး ဖွင့်-ပိတ်လုပ်ပေးပါ။

ပြီးရင်တော့ CUSTOM ဆိုတဲ့စာသားကို ပြန်ရွေးပြီး Enable custom status bar ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ Status Bar မှာ သင်ပြောင်းထားတဲ့ icon လေးတွေ ပေါ်နေမှာဖြစ်ပါတယ်။

သင့်အနေနဲ့ ဒေါ်လာ ၁.၉၉ ကျသင့်မယ့် App ရဲ့ Pro ဗားရှင်းကို ဝယ်သုံးမယ်ဆိုရင်တော့ ပိုလန်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပေမယ့် အခုလို အခမဲ့ဗားရှင်းနဲ့လည်း လုံလောက်တဲ့ ပြင်ဆင်ပြောင်းလဲတာ
တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««