ဖုန္းျပဳတ္က်တဲ့အခါ ေလအိတ္ပံုစံမ်ိုး ကာကြယ္ေပးမယ့္ case တစ္မ်ိဳး ဂ်ာမန္ေက်ာင္းသားတစ္ေယာက္ တီထြင္

[ Zawgyi ]

ဖုန္းကို လြတ္က်ေလ့ရိွသူေတြအတြက္ solution တစ္ခုကို ဂ်ာမန္ေက်ာင္းသားတစ္ေယာက္က တီထြင္လိုက္ပါတယ္။

‘Active damping’ (AD) ဖုန္း case မွာ built-in sensor ေတြနဲ႔ ခ်ိတ္ပံုစံ စပရင္ ရွစ္ခုပါဝင္ပါတယ္။ အဲ့ဒီ sensor ေတြဟာ ဖုန္းျပဳတ္က်တဲ့အခါ အလိုအေလ်ာက္သိရိွႏိုင္ၿပီး စပရင္ေတြကို ဖုန္းကို ေျမျပင္နဲ႔မထိေအာင္ ဖမ္းေပးမွာျဖစ္ပါတယ္။

ဒီ ဖုန္း case ကို ဂ်ာမနီႏိုင္ငံ အာလန္တကၠသိုလ္က ေက်ာင္းသားတစ္ေယာက္ျဖစ္တဲ့ ဖိလစ္ဖရန္ဇယ္က စမတ္ဖုန္းေတြအတြက္ ‘ေလအိတ္’ တစ္ခုအျဖစ္ တီထြင္ခဲ့တာျဖစ္ပါတယ္။

ေထာင့္တစ္ခုခ်င္းစီမွာ စပရင္ႏွစ္ခုပါဝင္ေပမယ့္ မေမွ်ာ္လင့္တဲ့အေျခအေနမွာ case အလုပ္မလုပ္ေအာင္ ဘယ္အရာက ထိန္းထားေပးသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဗီဒီယိုတစ္ခုမွာေတာ့ သံုးစြဲသူက ဖုန္းကို လႊတ္ခ်လိုက္ခ်ိန္မွာ ဖုန္းက အေပၚျပန္ကန္လာတာကို ျပသထားပါတယ္။

သံုးစြဲသူအေနနဲ႔ စပရင္ေတြကို case မွာ ျပန္ထည့္သြင္းၿပီး ေနာက္တစ္ႀကိမ္ လြတ္က်တဲ့အခါ အသင့္ျဖစ္ေနေအာင္ ျပဳလုပ္ထားႏိုင္ပါတယ္။

ဖရန္ဇယ္ရဲ႕ ဖုန္း case ဟာ ေရွ႕ေျပးပံုစံျဖစ္ေပမယ့္လည္း German Society for Mechatronics က ခ်ီးျမွင့္တဲ့ ထိပ္တန္းဆုကို ရရိွခဲ့ပါတယ္။

သူဟာ ဒီနည္းပညာကို မူပိုင္ခြင့္တင္ထားတာေၾကာင့္ ဒီ case ကို သိပ္မၾကာခင္မွာ သံုးစြဲသူေတြဆီ ျဖန္႔ခ်ိသြားမယ္လို႔ ယူဆရပါတယ္။

-ေနာင္ေနာင္
Ref: DailyMail

[ Unicode ]

ဖုန်းကို လွတ်ကျလေ့ရှိသူတွေအတွက် solution တစ်ခုကို ဂျာမန်ကျောင်းသားတစ်ယောက်က တီထွင်လိုက်ပါတယ်။

‘Active damping’ (AD) ဖုန်း case မှာ built-in sensor တွေနဲ့ ချိတ်ပုံစံ စပရင် ရှစ်ခုပါဝင်ပါတယ်။ အဲ့ဒီ sensor တွေဟာ ဖုန်းပြုတ်ကျတဲ့အခါ အလိုအလျောက်သိရှိနိုင်ပြီး စပရင်တွေကို ဖုန်းကို မြေပြင်နဲ့မထိအောင် ဖမ်းပေးမှာဖြစ်ပါတယ်။

ဒီ ဖုန်း case ကို ဂျာမနီနိုင်ငံ အာလန်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဖိလစ်ဖရန်ဇယ်က စမတ်ဖုန်းတွေအတွက် ‘လေအိတ်’ တစ်ခုအဖြစ် တီထွင်ခဲ့တာဖြစ်ပါတယ်။

ထောင့်တစ်ခုချင်းစီမှာ စပရင်နှစ်ခုပါဝင်ပေမယ့် မမျှော်လင့်တဲ့အခြေအနေမှာ case အလုပ်မလုပ်အောင် ဘယ်အရာက ထိန်းထားပေးသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဗီဒီယိုတစ်ခုမှာတော့ သုံးစွဲသူက ဖုန်းကို လွှတ်ချလိုက်ချိန်မှာ ဖုန်းက အပေါ်ပြန်ကန်လာတာကို ပြသထားပါတယ်။

သုံးစွဲသူအနေနဲ့ စပရင်တွေကို case မှာ ပြန်ထည့်သွင်းပြီး နောက်တစ်ကြိမ် လွတ်ကျတဲ့အခါ အသင့်ဖြစ်နေအောင် ပြုလုပ်ထားနိုင်ပါတယ်။

ဖရန်ဇယ်ရဲ့ ဖုန်း case ဟာ ရှေ့ပြေးပုံစံဖြစ်ပေမယ့်လည်း German Society for Mechatronics က ချီးမြှင့်တဲ့ ထိပ်တန်းဆုကို ရရှိခဲ့ပါတယ်။

သူဟာ ဒီနည်းပညာကို မူပိုင်ခွင့်တင်ထားတာကြောင့် ဒီ case ကို သိပ်မကြာခင်မှာ သုံးစွဲသူတွေဆီ ဖြန့်ချိသွားမယ်လို့ ယူဆရပါတယ်။

-နောင်နောင်
Ref: DailyMail