ဖုန္းေပၚမွာ ကစားႏိုင္မယ့္ Minecraft AR ဂိမ္းသစ္ကုိ Microsoft ျပသသြားခဲ့

[ Zawgyi ]

Microsoft ဟာ မိုဘုိင္းထုတ္ကုန္ေတြအတြက္ Minecraft ဂိမ္းသစ္ကုိ ဗီဒီယိုတစ္ခုနဲ႔ မိတ္ဆက္သြားခဲ့ပါတယ္။ Microsoft ဟာ Build 2019 developer အၿပီးမွာ augmented reality နည္းပညာအသုံးျပဳထားတဲ့ Minecraft ဂိမ္းဗီဒီယိုတစ္ခုကို ျပသသြားတာ ျဖစ္ပါတယ္။

ဗီဒီယိုထဲမွာ Minecraft ဖန္တီးမႈဒါ႐ိုက္တာ ဆက္စ္ပါဆန္ဟာ Microsoft ရဲ႕ Build developer ကြန္ဖရင့္က်င္းပရာေနရာ ဝါရွင္တန္ျပည္နယ္ ညီလာခံစင္တာ အျပင္ဘက္ခုံမွာ ဖုန္းကို ထားခဲ့ပါတယ္။ အဲဒီဖုန္းကုိ လမ္းသြားလမ္းလာတစ္ဦးက ယူၿပီး AR နည္းပညာအသုံးျပဳထားတဲ့ Minecraft ကိုကစားခဲ့ပါတယ္။ Microsoft အေနနဲ႔ ဂိမ္းသစ္တစ္မ်ိဳးကို ျပင္ဆင္ဖန္တီးေနတယ္လို႔ ထုတ္ေဖာ္ျပသခဲ့တာျဖစ္ပါတယ္။

အခု Minecraft ဂိမ္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ မသိရေသးပါဘူး။ Pokemon Go ထြက္ရွိၿပီးေနာက္ အလားအလာရွိတဲ့ AR ဂိမ္းေတြ ဒါမွမဟုတ္ app ေတြမ်ားစြာကို သိပ္မေတြ႕ေသးပါဘူး။ Pokemon Go ဂိမ္းကို download ျပဳလုပ္တဲ့ အႀကိမ္ေရ သန္း ၅၀၀ ရွိတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft ဟာ မိုဘိုင်းထုတ်ကုန်တွေအတွက် Minecraft ဂိမ်းသစ်ကို ဗီဒီယိုတစ်ခုနဲ့ မိတ်ဆက်သွားခဲ့ပါတယ်။ Microsoft ဟာ Build 2019 developer အပြီးမှာ augmented reality နည်းပညာအသုံးပြုထားတဲ့ Minecraft ဂိမ်းဗီဒီယိုတစ်ခုကို ပြသသွားတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ Minecraft ဖန်တီးမှုဒါရိုက်တာ ဆက်စ်ပါဆန်ဟာ Microsoft ရဲ့ Build developer ကွန်ဖရင့်ကျင်းပရာနေရာ ဝါရှင်တန်ပြည်နယ် ညီလာခံစင်တာ အပြင်ဘက်ခုံမှာ ဖုန်းကို ထားခဲ့ပါတယ်။ အဲဒီဖုန်းကို လမ်းသွားလမ်းလာတစ်ဦးက ယူပြီး AR နည်းပညာအသုံးပြုထားတဲ့ Minecraft ကိုကစားခဲ့ပါတယ်။ Microsoft အနေနဲ့ ဂိမ်းသစ်တစ်မျိုးကို ပြင်ဆင်ဖန်တီးနေတယ်လို့ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

အခု Minecraft ဂိမ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မသိရသေးပါဘူး။ Pokemon Go ထွက်ရှိပြီးနောက် အလားအလာရှိတဲ့ AR ဂိမ်းတွေ ဒါမှမဟုတ် app တွေများစွာကို သိပ်မတွေ့သေးပါဘူး။ Pokemon Go ဂိမ်းကို download ပြုလုပ်တဲ့ အကြိမ်ရေ သန်း ၅၀၀ ရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Ref: TheVerge