ဖုန္းေပါက္ကြဲမႈေၾကာင့္ Cradle Fund အမႈေဆာင္အရာရိွခ်ဳပ္ ေသဆံုး

[ Zawgyi ]

အားသြင္းထားတဲ့ ဖုန္းေတြထဲက တစ္လံုးဟာ ေပါက္ကြဲမႈျဖစ္ပြားတဲ့အတြက္ Cradle Fund အမႈေဆာင္အရာရိွခ်ဳပ္ Nazrin Hassan ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ေသဆံုးသြားခဲ့ပါတယ္။

သတင္းေတြရဲ႕အဆိုအရ Hassan ရဲ႕ အိပ္ယာေဘးမွာ အားသြင္းထားတဲ့ စမတ္ဖုန္းႏွစ္လံုးထဲက တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အခ်ိဳ႕သတင္းေတြမွာေတာ့ ဖုန္းေပါက္ကြဲမႈေၾကာင့္ ေမြ႕ယာကို မီးစြဲေလာင္ခဲ့ၿပီး အခန္းကို မီးကူးသြားတဲ့အတြက္ Hassan ေသဆံုးရတယ္ျဖစ္လို႔ ဆိုထားပါတယ္။ အခ်ိဳ႕ကလည္း ဖုန္းရဲ႕ေပါက္ကြဲမႈေၾကာင့္ အစိတ္အပိုင္းေတြက Hassan ရဲ႕ ေခါင္းအေနာက္ဘက္ကို ထိခိုက္မိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ Hassan ဟာ အိပ္ခန္းမီးေလာင္မႈေၾကာင့္ ပိတ္မိခဲ့ၿပီး မီးခိုးမႊန္ကာ ေသဆံုးခဲ့ရတာျဖစ္တယ္လို႔ ရဲေတြက ေကာက္ခ်က္ခ်ခဲ့ပါတယ္။ Hassan ရဲ႕ ေယာက္ဖျဖစ္သူကေတာ့ သူဟာ ေမြ႕ယာကို မီးမစြဲခင္ကတည္းက ေသဆံုးေနတာျဖစ္တယ္လို႔ ေျပာပါတယ္။

“သူ႔မွာ ဖုန္းႏွစ္လံုးရိွပါတယ္။ တစ္လံုးက Blackberry ပါ။ ေနာက္တစ္လံုးက Huawei ပါ။ ဘယ္ဖုန္းက ေပါက္ကြဲသလဲေတာ့ မသိပါဘူး” လို႔ Hassan ရဲ႕ ေယာက္ဖျဖစ္သူက လူမႈေရးမီဒီယာေပၚမွာ ေရးသားခဲ့တယ္လို႔ The Malaysian Insight က ေဖာ္ျပခဲ့ပါတယ္။

Cradle Fund ကေတာ့ “Hassan ဟာ အိပ္ရာေဘးမွာ အားသြင္းထားတဲ့ ဟန္းဖုန္းတစ္လံုးက ေပါက္ကြဲမႈျဖစ္ပြားၿပီး ရရိွတဲ့ဒဏ္ရာေတြေၾကာင့္ ေသဆံုးသြားခဲ့ပါတယ္။ Cradle အေနနဲ႔ စိတ္ဆႏၵျပင္းျပၿပီး တီထြန္ဆန္းသစ္တဲ့သူတစ္ေယာက္ကို ဆံုးရံႈးခဲ့ရတာပါ။ Startup အသိုက္အဝန္းအတြက္ေတာ့ စိတ္ဓာတ္ကိုလံႈ႕ေဆာ္ေပးႏိုင္တဲ့ ေခါင္းေဆာင္တစ္ေယာက္ ဆံုးရံႈးခဲ့ရတာပါ” လို႔ ထုတ္ျပန္ခဲ့ပါတယ္။

မေလးရွားဘ႑ာေရးဝန္ႀကီးဌာနက ပိုင္ဆိုင္တဲ့ Cradle Fund ဟာ နည္းပညာစြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြနဲ႔ startup ကုမၸဏီေတြကို ေငြေၾကး ေထာက္ပံ့ေပးတဲ့ ကုမၸဏီျဖစ္ပါတယ္။ Hassan ဟာ ယူေကမွာ ပညာသင္ၾကားခဲ့ၿပီး ဘက္ကင္ဟမ္တကၠသိုလ္ကေန ဥပေဒဘြဲ႕ ရရိွခဲ့သူျဖစ္ပါတယ္။ သူေသဆံုးခ်ိန္မွာ အသက္ ၄၅ ႏွစ္ရိွၿပီး ဇနီးနဲ႔ ကေလးသံုးေယာက္ က်န္ရစ္ခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: NDTV

[ Unicode ]

အားသွင်းထားတဲ့ ဖုန်းတွေထဲက တစ်လုံးဟာ ပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် Cradle Fund အမှုဆောင်အရာရှိချုပ် Nazrin Hassan ဟာ ပြီးခဲ့တဲ့တစ်ပတ်က သေဆုံးသွားခဲ့ပါတယ်။

သတင်းတွေရဲ့အဆိုအရ Hassan ရဲ့ အိပ်ယာဘေးမှာ အားသွင်းထားတဲ့ စမတ်ဖုန်းနှစ်လုံးထဲက တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အချို့သတင်းတွေမှာတော့ ဖုန်းပေါက်ကွဲမှုကြောင့် မွေ့ယာကို မီးစွဲလောင်ခဲ့ပြီး အခန်းကို မီးကူးသွားတဲ့အတွက် Hassan သေဆုံးရတယ်ဖြစ်လို့ ဆိုထားပါတယ်။ အချို့ကလည်း ဖုန်းရဲ့ပေါက်ကွဲမှုကြောင့် အစိတ်အပိုင်းတွေက Hassan ရဲ့ ခေါင်းအနောက်ဘက်ကို ထိခိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Hassan ဟာ အိပ်ခန်းမီးလောင်မှုကြောင့် ပိတ်မိခဲ့ပြီး မီးခိုးမွှန်ကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ရဲတွေက ကောက်ချက်ချခဲ့ပါတယ်။ Hassan ရဲ့ ယောက်ဖဖြစ်သူကတော့ သူဟာ မွေ့ယာကို မီးမစွဲခင်ကတည်းက သေဆုံးနေတာဖြစ်တယ်လို့ ပြောပါတယ်။

“သူ့မှာ ဖုန်းနှစ်လုံးရှိပါတယ်။ တစ်လုံးက Blackberry ပါ။ နောက်တစ်လုံးက Huawei ပါ။ ဘယ်ဖုန်းက ပေါက်ကွဲသလဲတော့ မသိပါဘူး” လို့ Hassan ရဲ့ ယောက်ဖဖြစ်သူက လူမှုရေးမီဒီယာပေါ်မှာ ရေးသားခဲ့တယ်လို့ The Malaysian Insight က ဖော်ပြခဲ့ပါတယ်။

Cradle Fund ကတော့ “Hassan ဟာ အိပ်ရာဘေးမှာ အားသွင်းထားတဲ့ ဟန်းဖုန်းတစ်လုံးက ပေါက်ကွဲမှုဖြစ်ပွားပြီး ရရှိတဲ့ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ Cradle အနေနဲ့ စိတ်ဆန္ဒပြင်းပြပြီး တီထွန်ဆန်းသစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာပါ။ Startup အသိုက်အဝန်းအတွက်တော့ စိတ်ဓာတ်ကိုလှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးခဲ့ရတာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာနက ပိုင်ဆိုင်တဲ့ Cradle Fund ဟာ နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ startup ကုမ္ပဏီတွေကို ငွေကြေး ထောက်ပံ့ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Hassan ဟာ ယူကေမှာ ပညာသင်ကြားခဲ့ပြီး ဘက်ကင်ဟမ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၄၅ နှစ်ရှိပြီး ဇနီးနဲ့ ကလေးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။

-နောင်နောင်
Ref: NDTV