ဖုန္းေငြျဖည့္တိုင္း လက္ေဆာင္ရရွိမယ့္အစီအစဥ္ MPT ျပဳလုပ္

[Zawgyi]

ဖုန္းေငြျဖည့္ျခင္းအတြက္ လက္ေဆာင္ေတြျပန္လည္ရရွိႏိုင္မယ့္ MPT Club အစီအစဥ္ကို ေမလ ၁၅ ရက္၊ Pan Pacific ဟုိတယ္မွာမိတ္ဆက္ခဲ့တယ္လို႔ သိရပါတယ္။

ဖုန္းေငြျဖည့္သြင္းတိုင္းမွာ Point အျဖစ္ ျပန္လည္ရရွိမွာျဖစ္ၿပီးေတာ့ ရရွိလာတဲ့ Point ေတြကို ဖုန္းေျပာဖို႔အတြက္ မိနစ္ေတြ၊ ေဒတာေတြနဲ႔ လဲလွယ္ႏိုင္သလို MTP ရဲ႕မိတ္ဖက္ဆိုင္ေတြမွာ လက္ေဆာင္ေတြနဲ႔ Discount ေတြကိုရယူႏိုင္မွာျဖစ္ပါတယ္။

အဲ့ဒီအစီအစဥ္ကို ရယူလိုသူေတြအေနနဲ႔ *345# ကိုဖုန္းေခၚဆိုကာ မွတ္ပံုတင္ျခင္းျပဳလုပ္ရမွာ ျဖစ္ပါတယ္။ မွတ္ပံုတင္ၿပီး ေငြျဖည့္သြင္းပါက Points 50 ရရွိမွာ ျဖစ္ပါတယ္။ Points 199 ကို MPT ဖုန္းေျပာျခင္းအတြက္ မိနစ္ ၂၀ နဲ႔ ေဒတာ 50 MB နဲ႔လဲလွယ္ႏိုင္ေၾကာင္းသိရပါတယ္။

“Point ေတြရဖို႔ဆိုင္ရင္ ေငြျဖည့္သြင္းရပါမယ္၊ အဲ့ဒါအျပင္ MPT ရဲ႕ မိတ္ဖက္ဆိုင္ ၈ ခုမွာ၀ယ္ယူျခင္း ေတြအတြက္လည္း Point ေတြရမွာပါ၊ ၿပီးရင္ေတာ့ Lucky 5 အစီအစဥ္ အေနနဲ႔ လစဥ္ ၅ ရက္၊ ၁၅ ရက္နဲ႔ ၂၅ ရက္ေတြမွာ ၀ယ္ယူသူေတြအတြက္ အထူးေစ်းႏႈန္းေတြနဲ႔ ေလွ်ာ့ေစ်းေတြလည္းရရွိမွာပါ” လို႔
MPT – KSGM Joint က ဒုတိယအရာရွိခ်ဳပ္၊ စီးပြားေရးဌာနႀကီးက ဦးသိန္းဟုတ္ကေျပာပါတယ္။

ဖုန္းေဘလ္ တစ္ေထာင္ျဖည့္ျခင္းအတြက္ 5 Points, တစ္ေသာင္းအတြက္ 50 Points, ႏွစ္ေသာင္းျဖည့္သြင္းျခင္းအတြက္ Points 100 ရရွိမွာျဖစ္တယ္လို႔သိရပါတယ္။ MPT Club အစီအစဥ္္ မွတ္ပံုတင္ျခင္းအတြက္ အခမဲ့ ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

 

[Unicode]

ဖုန်းငွေဖြည့်ခြင်းအတွက် လက်ဆောင်တွေပြန်လည်ရရှိနိုင်မယ့် MPT Club အစီအစဉ်ကို မေလ ၁၅ ရက်၊ Pan Pacific ဟိုတယ်မှာမိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

ဖုန်းငွေဖြည့်သွင်းတိုင်းမှာ Point အဖြစ် ပြန်လည်ရရှိမှာဖြစ်ပြီးတော့ ရရှိလာတဲ့ Point တွေကို ဖုန်းပြောဖို့အတွက် မိနစ်တွေ၊ ဒေတာတွေနဲ့ လဲလှယ်နိုင်သလို MTP ရဲ့မိတ်ဖက်ဆိုင်တွေမှာ လက်ဆောင်တွေနဲ့ Discount တွေကိုရယူနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို ရယူလိုသူတွေအနေနဲ့ *345# ကိုဖုန်းခေါ်ဆိုကာ မှတ်ပုံတင်ခြင်းပြုလုပ်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီး ငွေဖြည့်သွင်းပါက Points 50 ရရှိမှာ ဖြစ်ပါတယ်။ Points 199 ကို MPT ဖုန်းပြောခြင်းအတွက် မိနစ် ၂၀ နဲ့ ဒေတာ 50 MB နဲ့လဲလှယ်နိုင်ကြောင်းသိရပါတယ်။

“Point တွေရဖို့ဆိုင်ရင် ငွေဖြည့်သွင်းရပါမယ်၊ အဲ့ဒါအပြင် MPT ရဲ့ မိတ်ဖက်ဆိုင် ၈ ခုမှာဝယ်ယူခြင်း တွေအတွက်လည်း Point တွေရမှာပါ၊ ပြီးရင်တော့ Lucky 5 အစီအစဉ် အနေနဲ့ လစဉ် ၅ ရက်၊ ၁၅ ရက်နဲ့ ၂၅ ရက်တွေမှာ ၀ယ်ယူသူတွေအတွက် အထူးစျေးနှုန်းတွေနဲ့ လျှော့စျေးတွေလည်းရရှိမှာပါ” လို့
MPT – KSGM Joint က ဒုတိယအရာရှိချုပ်၊ စီးပွားရေးဌာနကြီးက ဦးသိန်းဟုတ်ကပြောပါတယ်။

ဖုန်းဘေလ် တစ်ထောင်ဖြည့်ခြင်းအတွက် 5 Points, တစ်သောင်းအတွက် 50 Points, နှစ်သောင်းဖြည့်သွင်းခြင်းအတွက် Points 100 ရရှိမှာဖြစ်တယ်လို့သိရပါတယ်။ MPT Club အစီအစဉ်် မှတ်ပုံတင်ခြင်းအတွက် အခမဲ့ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

-အောင်သက်ကို