ဖန်သားပြင်တစ်ခုကို ကောက်ကြောင်းခြစ်ကြည့်ခြင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း Samsung က သူတို့ရဲ့ခေါက် နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်နဲ့ ဒုတိယစမတ်ဖုန်း Galaxy Z Flip ကို ဖြန့်ချိလိုက်ပါတယ်။ ဟိုအရင်ကတည်းက အခုလိုမျိုး ခေါက်နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်ရှိတဲ့ Galaxy Fold ကိုလည်း ထုတ်လုပ်ပြီးသားပါ။ ဒါ့အပြင် မကြာသေးခင်ကပဲ ထွက်ရှိထားတဲ့ Motorola ရဲ့ Razr ဖုန်းလည်း ဈေးကွက်ထဲမှာ ပူပူနွေးနွေး ရှိနေပါသေးတယ်။

တကယ်တော့ အခုလိုမျိုး ခေါက်နိုင်ဖြန့်နိုင်မယ့် မျက်နှာပြင်နဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းက Royole ကုမ္ပဏီရဲ့ FlexPai ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကျမှ Galaxy Fold , Huawei ရဲ့ Mate X စသည်ဖြင့် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဖြင့် Samsung ရဲ့ အခုတစ်ကြိမ် Galaxy Z Flip က ဘာတွေများ ထူးခြားနေပါသလဲ။

အဓိကအကျဆုံးနဲ့ လူသိအများဆုံး ထူးခြားချက်ကတော့ဖုန်း မျက်နှာပြင်အတွက် ဖန်သားစစ်စစ်ကို အသုံးပြုထားခြင်းပါ။ သူ့ အရင်ပေါ်ထွက်ခဲ့သမျှ ခေါက်နိုင် ဖြန့်နိုင်တဲ့ မျက်နှာပြင်နဲ့ဖုန်းတိုင်း က ဖန်သားကို ဒီလောက် အတိုင်း အတာအထိ ကွေးညွတ်နိုင်စွမ်းမ ရှိခဲ့တာကြောင့် ပလတ်စတစ် ကိုပဲ အခြေခံပြီးလုပ်ဆောင်ခဲ့ကြရ ပါတယ်။ ဒါကြောင့်လဲ အခုဖုန်း သစ်ကို ကြေညာပြီးတဲ့အခါ Samsung ဆီကနေ “အလွန် တရာ ပါးလွှာသော ဖန်သား” Ultra Thin Glass (UTG) ဆိုတဲ့ စကားလုံးက သူတို့ကြောင့် ဖြစ်လာတယ်လို့ မပြောရုံနီးပါး ခေါင်းမော့ရင်ကော့နိုင်ခဲ့ကြပါတယ်။

UTG အကြောင်းကို မပြောခင် မျက်နှာပြင် ဖန်သား နည်းပညာနဲ့ ပတ်သက်ပြီး ဘာကြောင့် အခုလို အရေးတယူနဲ့ ဂုဏ်ယူနေ ကြသလဲဆိုတာ သမိုင်းလှန်ကြည့်ချင်ပါတယ်။ ဒါမှသာ ဖန်သားတွေဆိုတာ ဘယ်လောက်ထိအရေးပါ ခဲ့သလဲ ဆိုတာ သဘောပေါက် လာပါလိမ့်မယ်။

ဖန်သားများ၏ အစ

တကယ်တော့ ဖန်ထည် ပစ္စည်းတွေဆိုတာ လူ့သမိုင်းအစမှာတည်းက အရေးပါလို့ နေပါပြီ။ အဲဒီအချိန်မှာ ဖန်ထည်ပစ္စည်းတွေကို လူတွေကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း မရှိခဲ့ကြသေးပေမယ့် သူတို့ကို ဘယ်လိုကိုင်တွယ် အသုံးပြုရမလဲ ဆိုတာကိုတော့ လူတွေက ကောင်းကောင်း သိနေခဲ့ကြပါတယ်။ မီးတောင်တွေကနေ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ချော်ရည် ကျောက်ဖန်သားစတွေကို အသုံးပြုပြီး ရှေးဦးလူသားတွေက လက်နက်အဖြစ်၊ လက်သုံးကိရိယာအဖြစ် စတင် အသုံးပြုခဲ့ကြပါတယ်။ အဖိုးတန်လှတဲ့ သဘာဝချော်ရည်ကျောက်ဖန်ထည်တွေကို ကုန်းတတန်၊ ရေတတန်နဲ့ကူး သန်းရောင်းဝယ်မှုတွေရှိခဲ့တာကို အထင်အရှား တွေ့မြင်နိုင်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀၀) ကျော်ကျမှ မက်ဆိုပိုတေးမီးယား ဒေသမှာ ဖန်ထည်ပစ္စည်းတွေကို လူတွေကိုယ်တိုင် ထုတ်လုပ်နိုင် လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အီဂျစ်၊ ဘေဘီလုံ ခေတ်အဆက် ဆက်မှာ ဖန်ထည်ပစ္စည်းတွေဖန် တီးခဲ့ကြပြီး လူချမ်းသာတွေအ တွက်၊ အထိမ်းအမှတ်တွေအဖြစ် သုံးစွဲခဲ့ကြပါတယ်။ စက်မှုနည်းပ ညာတွေ ထွန်းကားလာတာနဲ့အမျှ ဖန်ထည်ထုတ်လုပ်မှုလုပ်ငန်းက အဆင့်မြင့် တိုးတက်လာပြီး ယ နေ့ခေတ် တွေ့မြင်နေကြရတဲ့ အံ့မခန်းလက်ရာတွေကို ဖန်တီးနိုင်လာကြပါတယ်။

ပထမဆုံး ဖုန်းဖန်သားပြင်

စမတ်ဖုန်းလောကထဲကို ဖန်သားမျက်နှာပြင်တွေ ဆောင်ကြဉ်း ပေးခဲ့သူကတော့ ဆန်းသစ်တီထွင်မှုတို့ရဲ့ ဘိုးအေကြီးသွားလေသူ စတိဗ်ဂျော့ပါ။ ၁၉၉၇ ခုနှစ် Apple ကို ပြန်ရောက်ချိန်ကစပြီး စတိဗ်ဂျော့ရဲ့ ဆန်းသစ်တီထွင်မှုတွေကို ဆာလောင်နေမှုက အလွန်ပြင်းပြ နေခဲ့ပါတယ်။

သူတို့ရဲ့ Powerbook G3 ကွန်ပျူတာကို ပလတ်စတစ်နဲ့သစ် လွင်တောက်ပအောင် ဖန်တီး အလှဆင်နိုင်ခဲ့သလို အဲဒီနောက် ၂ နှစ်အကြာ ထပ်မံထွက်ရှိခဲ့တဲ့ Powerbook G4 ကိုတော့ တိုက်တေနီယမ်သတ္တုကိုသုံးပြီး လှပတင့်တယ်စေခဲ့ပါတယ်။ iMac နဲ့ iPod Nano တို့မှာတော့ အလူမီနီယမ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီလိုမျိုး ပလတ်စတစ်နဲ့ သတ္တုတွေကို စိတ်ကြိုက်ကစားလို့ ဝသွားတဲ့အခါ စတိဗ်ဂျော့ရဲ့ မြားဦးက ဖန်ထည်တွေဆီ ရောက်လာပါတော့တယ်။

ဖန်သားတွေကို ကိုင်တွယ်ဖန်တီးရာမှာလည်း စတိဗ်ဂျော့ဘ်က ဆရာတစ်ဆူဖြစ်ပြီးသားပါ။ သူ့ရဲ့ Apple Store တွေကို နောက်ဆုံးပေါ် ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ မှန်နံရံ ကြီးတွေ၊ မှန်လှေကားတွေနဲ့ မြင်သူတကာ ငေးရလောက်အောင် အလှဆင်ထားပါတယ်။ ဒီအတွက် တရုတ်နိုင်ငံမှာ Apple ရဲ့ ကိုယ်ပိုင်ဖန် ချက်စက်ရုံကြီးတွေလည်း တည်ထောင်ထားခဲ့ပါတယ်။

iPhone အတွက် နမူနာပုံစံမှာ ဖုန်းမျက်နှာပြင်ကို ပလတ်စတစ်နဲ့ပဲ ထုတ်လုပ်မယ်လို့ စီစဉ်ထားပေမယ့် စတိဗ်ဂျော့က ဖန် သားတွေနဲ့ပဲ လုပ်တော့မယ်လို့ ရုတ်တရတ်ကြီး စိတ်ကူးပေါက် သွားပါတယ်။ ဖန်သား ပြင်တွေ နဲ့ဆိုရင် ပိုပြီး စွဲမက်စရာကောင်းသလို တာရှည်လည်း ခံမယ်လို့ သူက တွေးမိခဲ့တာပါ။ဒါပေမဲ့ ပြဿနာက အဲဒီအချိန်မှာ ဒီအတွက် အဆင်သင့် ဖန်သားပြင်တွေ ရှိမ နေသေးတာပါပဲ။

ဒီအတွက် တရုတ်ပြည်က စက်ရုံတွေဆီ အာရုံရောက်နေတဲ့ စတိဗ်ဂျော့ကို မိတ်ဆွေတစ်ယောက်က Corning ဖန်ချက်လုပ် ငန်းနဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့တွေ ဆွေးနွေးကြတဲ့အခါ ၁၉၆၀ ပြည့်နှစ်တွေ အတွင်း သုတေသန တစ်ပိုင်းတစ်စနဲ့ရပ် တန့်ထားခဲ့ရတဲ့ ဖန်သားတစ်မျိုးအကြောင်းကို ရောက်သွားပါတယ်။ အဲဒီဖန်သားက မာလွန်းလို့ Gorilla Glass လို့ အမည်တွင်ခဲ့ပေမယ့် အဲဒီခေတ်အခါမှာ လက်တွေ့အ သုံးချစရာ နေရာမရှိတာကြောင့် ချောင်ထိုးခံခဲ့ရတာပါ။

အချိန် (၆) လအတွင်းမှာ Gorilla Glass အမြောက်အမြားကို အံ့ဩလောက်စရာ ထုတ်လုပ်နိုင် ခဲ့ပြီး iPhone ကလည်း သမိုင်း မျက်နှာစာသစ် ဖွင့်လှစ်နိုင်ခဲ့ပါ တယ်။ Corning လုပ်ငန်းရဲ့ ရုံးခန်းထဲမှာ စတိဗ်ဂျော့ရဲ့ရှားရှား ပါးပါး ကျေးဇူးတင်လွှာကိုအခု လို ချိတ်ဆွဲထားပါတယ်။ “မင်း ကြောင့်သာမဟုတ်ရင် ငါတို့ လုပ် နိုင်ခဲ့မှာမဟုတ်ပါဘူး”တဲ့။ တ ကယ်တော့ Corning လုပ်ငန်းကို ကျေးဇူးတင်ရမှာ မဟုတ်ဘဲ Gorilla Glass ဖန်သားကိုသာ ပိုပြီး ကျေးဇူးတင်ရမှာပါ။

ဖန်သားပြင်၏ သမိုင်းမျက်နှာ စာသစ်

အခု ၂၀၂၀ ခုနှစ်မှာ ဖန်သား မျက်နှာပြင်တွေရဲ့ သမိုင်းမျက်နှာ စာသစ်ကို ဦးဆောင်ဖွင့်လှစ်လိုက် တာကတော့ ဂျာမနီအခြေစိုက် Schott ဖန်ချက်လုပ်ငန်းဖြစ်ပါ တယ်။ Schott ရဲ့ ပါးလွှာလွန်း လှတဲ့ ဖန်သားတွေကို အသုံးပြုပြီး Samsung က ကမ္ဘာ့ပထမဆုံး ခေါက်နိုင်ဖြန့်နိုင်တဲ့ ဖန်သားမျက် နှာပြင်နဲ့ စမတ်ဖုန်းကို ထုတ်လုပ် နိုင်ခဲ့တာပါ။ ရူပဗေဒရဲ့ အခြေခံနိ ယာမတွေကို ချိုးဖျက်နိုင်ခဲ့ပြီလို့ တောင် ကြေညာခဲ့ကြပါသေးတယ်။

တကယ်တော့ ဖန်တွေ၊မှန် တွေနဲ့ ပတ်သက်လာရင် အားလုံး ရဲ့ စိတ်ထဲမှာ ပထမဆုံးအတွေးက ကွဲကြေတတ်တယ် ဆိုတာသာဖြစ် ပါတယ်။ ဖန်သားတွေ၊မှန်တွေကို ကွေးဖို့ဆိုတာ စိတ်ကူးကြည့်လို့ တောင်မရသေးပါဘူး။ ဒီလိုမျိုး အ ထင်အမြင်လွဲနေတာကို Schott က ပညာရှင်တွေကအခုလို ရှင်း ပြပါတယ်။

တကယ်တော့ ဘယ်အရာ ဝတ္ထုကိုမဆို ပါးလွှာအောင် လုပ် နိုင်ရင် ခေါက်နိုင်ဖြန့်နိုင်တာချည်း ပါပဲ။ ဥပမာအားဖြင့် သစ်သား ချောင်းတစ်ချောင်းကို ကွေး ခေါက်ကြည့်ဖို့ မဖြစ်နိုင်ပေမယ့် သုံးထပ်သားပြားတစ်ချပ်ကိုတော့ အတိုင်းအတာ တစ်ခုထိကွေး ကြည့် ခေါက်ကြည့်လို့ရနိုင်မှာပါ။ ဖန်သားတွေကိုလည်း ၁၀၀ မိုက်ခရွန်ထက် ပါးအောင်လုပ် နိုင်ခဲ့ရင် လက်ရှိသုံးနေကျအသုံး အဆောင်တွေ အားလုံးနီးပါးလို ခေါက်နိုင်ဖြန့်နိုင်ပါလိမ့်မယ်။ လက်ရှိ Galaxy Z Flip ရဲ့ဖန် သားပြင်က ၃၀ မိုက်ခရွန်သာထူ ပါတယ်။ လူ့ဆံပင်နဲ့ မတိမ်းမ ယိမ်းပဲမို့ အခုလိုမျိုး ခေါက်နိုင်ဖြန့် နိုင်တာ မထူးဆန်းတော့ပါဘူး။

ပါးလွှာခြင်းက ဖန်သားတွေရဲ့ ခေါက်နိုင်ဖြန့်နိုင်ခြင်းအတွက်အ ရေးပါဆုံးဆိုပေမယ့် ပိုပြီးအရေး ကြီးတဲ့ နောက်ထပ် အချက်တစ် ချက် ကျန်ရှိနေပါသေးတယ်။ အဲဒါ ကတော့ ဖန်သားတွေရဲ့အရည်အ သွေးပါပဲ။ လိုသလို ခေါက်နိုင်ဖြန့် နိုင်ဖို့အတွက် ဖန်သားတွေကအ ရည်အသွေး မြင့်မားနေရုံနဲ့မရ တော့ဘဲ တကယ့်ကိုခြောက်ပစ် ကင်း သဲလဲစင် ဖြစ်နေဖို့ လိုအပ်လှ ပါတယ်။ ဒါကြောင့် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာအညစ် အကြေးတွေ၊ အပြစ်အနာအဆာ တွေမရှိအောင် အထပ်ထပ်စစ် ဆေးကြရသလို ထုတ်လုပ်ပြီးချိန် မှာလည်း အဆုံးသတ် စစ်ဆေးရပါတယ်။

အဆုံးသတ် စစ်ဆေးမှုအ တွင်း သတ်မှတ်ထားတဲ့ စံချိန်စံ ညွှန်းအတိုင်း ခေါက်နိုင်ဖြန့် နိုင်တဲ့ ဖန်သားတွေက အဲဒီအခြေအနေ အတိုင်းဆိုရင် ဘယ်တော့မှမကျိုး ပဲ့နိုင်တော့ပါဘူးလို့ ထုတ်လုပ်သူ တွေက ကြုံးဝါးထားကြပါတယ်။ ဒါပေမဲ့ “အဲဒီအခြေအနေအ တိုင်း” ဆိုတဲ့ စကားရပ်မှာ စိတ်ပူစ ရာတွေ ကျန်ရှိနေပြန်ပါတယ်။

ပလတ်စတစ် မျက်နှာပြင်တွေ အစား ဖန်သားမျက်နှာပြင်တွေကို အသုံးပြုရခြင်းရဲ့ အဓိကအ ကြောင်းပြချက်က အကြမ်းခံနိုင် ခြင်းနဲ့ တာရှည်ခံခြင်းတို့ဖြစ်ပါ တယ်။ ဖန်သားတွေက ပလတ်စ တစ်တွေလိုမျိုး သူ့အလိုလိုဆွေး မြေ့ယိုယွင်းသွားခြင်း လုံးဝမရှိပါ ဘူး။ ဒါကြောင့် ဖန်သားမျက်နှာ ပြင်တွေဆိုတာ အလွန် တာရှည် ခံကြပါတယ်။

အကြမ်းခံပြီး တာရှည်ခံနိုင်ရုံ သာမကသာမန် ဖုန်းမျက်နှာပြင် တွေမှာ ဖန်သားပြင်တွေ ကွဲအက် သွားရင်တောင် ဆက်ပြီး အသုံး ပြုလို့ ရနေနိုင်ပါသေးတယ်။ဒါပေ မဲ့ ခေါက်နိုင်ဖြန့်နိုင်တဲ့ ဖုန်းမျက်နှာ ပြင်တွေမှာတော့ ခြစ်ရာလေး တစ်ခု၊ အစွန်းအထင်းလေးတစ် ကွက်က ဘယ်လောက်အထိဒုက္ခ ပေးနိုင်မလဲဆိုတာ မခန့်မှန်းရဲ လောက်စရာပါပဲ။ ဒါကြောင့် လက် ရှိ Galaxy Z Flip ရဲ့ ဖန်သားမျက်နှာပြင်ကိုအပေါ် ကနေ ပလတ်စတစ် အလွှာတစ် ထပ်နဲ့ ကာကွယ်ပေးထားတာပါ။

ဖန်သားနန်းတော်ကြီးများ

ဘယ်လိုပဲ ဖြစ်ပါစေ၊ ခေါက် နိုင်ဖြန့်နိုင်တဲ့ ဖန်သားပြင်တွေကို ထုတ်လုပ်ဖန်တီးနိုင်ခဲ့တာကစ မတ်ဖုန်းလောကအတွက်၊နည်း ပညာလောကအတွက် သမိုင်း မျက်နှာစာသစ်တစ်ခုကို ဖွင့်လှစ် လိုက်တာပါပဲ။ ဖန်ထည်ပစ္စည်း တွေရဲ့ အရင်အစဉ်အလာတွေအ တိုင်း လူ့သမိုင်း အပေါ်မှာရော ရိုက်ခတ်မှုတွေ သက်ရောက်စေ မလား ဆိုတာကတော့ စောင့် ကြည့်ကြရပါဦးမယ်။

ခေတ်အဆက်ဆက်ကသမိုင်း ဝင်ပုဂ္ဂိုလ်ကြီးတွေ၊ခေါင်းဆောင် ကြီးတွေရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အောင်မြင်မှုတွေကိုအနုပညာရှင် တွေကဖန်သားနန်းတော်ကြီးတွေ နဲ့ ခိုင်းနှိုင်းတင်စားတတ်ကြပါ တယ်။ ဆန်းကြယ်လှပပြီးတောက် ပလွန်းပေမယ့် အချိန်တန် တဲ့အခါ ကွဲကြေပျက်သွားရတာကို ဆိုလို ကြတာပါ။

နည်းပညာတွေ အလျင်အမြန် တိုးတက်ထွန်းကားနေတဲ့ လက်ရှိ တတိယ ထောင်စုနှစ်ကြီးထဲမှာ လည်း အခုလိုမျိုး ဖန်သားနည်းပ ညာတွေသာမက အခြားသော နည်းပညာမျိုးစုံက အောင်မြင်မှုသ ရဖူတွေ အလီလီဆောင်းကြဦးမှာ ပါ။ ဒါတွေကို ကြိုတင်တွေးဆ ကြည့်ရင်း တန်နက်ဆီးဝီလီယမ် ရဲ့ စကားလေးတစ် ခွန်းကိုပဲပြန် လည်အောက်မေ့မိပါတော့တယ်။

“အနုစိတ် ဖန်တီးထားတဲ့ဖန် ထည်တစ်ခုကိုမြင်ရတဲ့အခါ အ တွေးနှစ်ခုပဲ ပေါ်ပါတယ်။ ဪ ဒါလေးက အတော်လှပါလား။ နောက်ပြီး ကွဲကြေတတ်ပါလားဆို တာတွေပေါ့”။

-လုကာကျော်
မှီငြမ်း။ ။ Steve Jobs By Walter Isaacson၊ The Verge။