“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကျင်းပ

MPT နဲ့ ဝန်ဇင်း Mobile App တို့ပူးပေါင်းပြီး စာပေချစ်မြတ်နိုးသူတွေ အတွက်“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲကို ဇူလိုင် ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။

စာညွှန်းပြိုင်ပွဲမှာ မြန်မာနိုင်ငံတစ်ဝန်းရှိ စာဖတ်ပရိသတ်များ တိုးတက်မြင့်မားလာစေရန်၊ စာပေ တတ်မြောက်ရေးကိုမြှင့်တင်နိုင်ရန်နဲ့ နိုင်ငံရဲ့မျိုးဆက်သစ် ရွက်ပုန်းသီး လူငယ်စာရေးဆရာတွေကို ရှာဖွေဖော် ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ပဏာမခြေလှမ်းသစ် အဖြစ် အစပျိုးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေအနေနဲ့ နာမည်ကျော်စာရေးဆရာ (၄) ဦးရဲ့ စာအုပ်ပေါင်း (၂၀) အနက်မှ မိမိတို့ရဲ့ ကြိုက်နှစ်သက်ဆုံး စာအုပ်ကို ရွေးချယ်ကာ အဆိုပါစာအုပ် ဖတ်ရှုမှုအပေါ်တွင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြန်လည်သုံးသပ်ချက်တွေကို စာပိုဒ်တိုနဲ့ ရှင်းလင်းထိမိစွာ ရေးသားဖော်ပြရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေအနေနဲ့ မိမိကိုယ်တိုင်ရေးသားထားတဲ့ ဖတ်ညွှန်းတွေကို မိမိရဲ့ ကိုယ်ပိုင် Facebook Account မှာသက်ဆိုင်ရာ Hashtag (#(AuthorName)ReviewDiary #MPTWunZinn) ကိုအသုံးပြုပြီး Public ဖြင့် ပို့စ်တင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် “ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲရဲ့ Facebook Group ဖြစ်တဲ့ http://bit.ly/ReviewDiaryFB ကို ဝင်ရောက်ဖို့လိုအပ််မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူရဲ့ အချက်အလက်အချို့ကို Google Form မှတစ်ဆင့် တောင်းခံမှာဖြစ်ပြီး ပြိုင်ပွဲဝင်အနေနဲ့ မေးထားတဲ့ အချက်အလက်တွေကို ပြည့်စုံစွာ ဖြည့်သွင်း ပြီးပါက မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာပြီးဆုံးမှာ ဖြစ်ပါတယ်။

အကဲဖြတ်သုံးသပ်ခြင်းကို စာညွှန်းရေးသားမှုများနှင့် ဖန်တီးမှုဆိုင်ရာ အရေးအသားများ အပေါ် အခြေခံသွားမှာဖြစ်ပြီး People Choice Award ကို Facebook မှာ Like and Share (Facebook Reaction) အများဆုံး ရရှိတဲ့ အရေအတွက်ပေါ် မူတည်ပြီး ရွေးချယ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို https://bit.ly/ReviewDiary မှာ ဇူလိုင် ၁ ရက်မှ စတင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မှာဖြသ်ပါတယ်။

“ဖတ်ညွှန်းဒိုင်ယာရီ” စာညွှန်းပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 ၊ www.mpt.com.mm , www.facebook.com/mptofficialpage နဲ့ https://www.facebook.com/wunzinn နဲ့ ဖုန်း ၀၁-၉၃၃၉၂၁၆, 106 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-အောင်သူ