ဖက်ရှင်နဲ့ နည်းပညာပေါင်းစပ် ထုတ်လုပ်ထားတဲ့ Uniqlo ဆောင်းရာသီ အဝတ်အထည်များ

ဂျပန်အဝတ်အထည်ကုမ္ပဏီ Uniqlo ဟာ ၂၀၂၀အအတွက် ဆောင်းရာသီအတွင်း ထုတ်လုပ်မယ့် အဝတ်အထည်တွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီနှစ်ဖြန့်ချိမယ့် ဆောင်းရာသီဖက်ရှင်တွေမှာတော့ ဖက်ရှင်ပိုင်းကတစ်ဆင့် နည်းပညာကို အပိုအလိုမရှိ ပေါင်းစပ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
“Uniqlo ဟာ ဖက်ရှင်ကုမ္ပဏီမဟုတ်ဘဲ နည်းပညာကုမ္ပဏီဖြစ်တယ်” လို့ Uniqlo တည်ထောင်သူ တာဒါရှိရာနိုင်ပြောခဲ့ပါတယ်။
ဒီနှစ်အတွင်း ထုတ်လုပ်မယ့် အဝတ်အထည် collection တွေမှာ တီရှပ်၊ ဝတ်စုံ၊ ဂျာကင်နဲ့ အားကစားဝတ်စုံတွေအထိ ပါဝင်ပါတယ်။ ဒါ့အပြငင် Heattech နဲ့ Airism လိုမျိုး နည်းပညာအပေါ် အာရုံစိုက်ထားတဲ့ အဝတ်အထည်တွေလည်း ပါဝင်လာပါတယ်။
စိုးထက်
Ref: GadgetMatch