ပ႐ိုအသင္းေတြနဲ႔ ယွဥ္ၿပိဳင္မယ့္ Elon Musk ရဲ႕ ‘Dota 2’ OpenAI bot မ်ား

[ Zawgyi ]

Dota 2 ကမၻာ့ခ်န္ပီယံရွစ္ၿပိဳင္ပြဲျဖစ္တဲ့ The International က်င္းပမယ့္ရက္က တျဖည္းျဖည္း နီးကပ္လာပါၿပီ။ The International 2018 မွာ ထိပ္တန္းအသင္းတစ္သင္းဟာ artificial intelligence bot အဖြဲ႕တစ္ဖြဲ႕နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

Elon Musk ပူးတြဲတည္ေထာင္တဲ့ OpenAI ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ထိပ္တန္း Dota 2 ကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ေနာက္ ဒီႏွစ္မွာေတာ့ အထင္ရွားဆံုး eSports ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ TI 2018 မွာ ထိပ္တန္း ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြပါဝင္တဲ့ အသင္းတစ္သင္းနဲ႔ ယွဥ္ၿပိဳင္သြားဖို႔ စီစဥ္ထားပါတယ္။

OpenAI ဟာ ၿပီးခဲ့တဲ့ႏွစ္ The International မွာ ကစားသမားတစ္ေယာက္ခ်င္းစီနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ပ႐ိုေတြကေတာ့ ဒီပြဲေတြကို ျပန္ၾကည့္ၿပီး bot ေတြဆီကေန သင္ယူႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။ အသင္းလိုက္ ကစားတဲ့အခါမွာေတာ့ အလြန္ရႈပ္ေထြးတဲ့ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ႀကံဳေတြ႕ရႏိုင္ေပမယ့္ bot ငါးခုက ဘယ္လိုတြဲဖက္ညီစြာ ကစားမလဲဆိုတာအတြက္ OpenAI က AI ကို သင္ၾကားေပးထားတယ္လို႔ ဆိုပါတယ္။

Bot ေတြက ဘာလုပ္ရမလဲဆိုတာကို သင္ၾကားေပးဖို႔အတြက္ OpenAI က reinforcement learning ကို အသံုးျပဳပါတယ္။ OpenAI ဟာ Dota 2 ကို CPU ၁၀၀,၀၀၀ ေက်ာ္ေပၚမွာ အလုပ္လုပ္ေစၿပီး AI က ေန႔စဥ္ေန႔တိုင္း ႏွစ္ေပါင္း ၁၈၀ နဲ႔ညီမွ်တဲ့ ပြဲေတြကို ကစားေစခဲ့ပါတယ္။ နာရီအနည္းငယ္အတြင္းမွာ bot ေတြက လူတစ္ေယာက္ရဲ႕ တစ္သက္တာမွာ ကစားႏိုင္တဲ့ ပြဲအေရအတြက္ထက္ ပိုမိုကစားႏိုင္ခဲ့ၿပီး AI ကို ေလ့လာသင္ၾကားေစမယ့္ လံုေလာက္တဲ့ အခြင့္အေရးေတြကို ေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း AI မွာ အကန္႔အသတ္အခ်ိဳ႕ရိွပါတယ္။ ဒီ bot ေတြဟာ ဂိမ္းရဲ႕ Hero ၁၁၅ ေကာင္ထဲက ငါးေကာင္ (Necrophos, Sniper, Viper, Crystal Maiden နဲ႔ Lich) ကိုသာ အသံုးျပဳႏိုင္သလို အလားတူ hero ေတြပါဝင္တဲ့ အသင္းတစ္သင္းနဲ႔ပဲ ကစားႏိုင္ပါတယ္။ ေနာက္ၿပီး ဘယ္ level ကိုယူမလဲ ဆိုတာလိုမ်ိဳး အခ်ိဳ႕ဆံုးျဖတ္ခ်က္ေတြကို လူသားေတြက ျပဳလုပ္ေပးေနရဆဲျဖစ္ပါတယ္။ ဒါ့အျပင္ OpenAI developer ေတြဟာ အခ်ိဳ႕ item ေတြကို ကန္႔သတ္ထားသလို invisibility နဲ႔ warding ေတြလို ဂိမ္းကို ပိုမို႐ႈပ္ေထြးေစႏိုင္မယ့္ အရာအခ်ိဳ႕ကိုလည္း ဖယ္ရွားထားတယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: Engadget

[ Unicode ]

Dota 2 ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ The International ကျင်းပမယ့်ရက်က တဖြည်းဖြည်း နီးကပ်လာပါပြီ။ The International 2018 မှာ ထိပ်တန်းအသင်းတစ်သင်းဟာ artificial intelligence bot အဖွဲ့တစ်ဖွဲ့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Elon Musk ပူးတွဲတည်ထောင်တဲ့ OpenAI ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ထိပ်တန်း Dota 2 ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့နောက် ဒီနှစ်မှာတော့ အထင်ရှားဆုံး eSports ပြိုင်ပွဲတစ်ခုဖြစ်တဲ့ TI 2018 မှာ ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားတွေပါဝင်တဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။

OpenAI ဟာ ပြီးခဲ့တဲ့နှစ် The International မှာ ကစားသမားတစ်ယောက်ချင်းစီနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပရိုတွေကတော့ ဒီပွဲတွေကို ပြန်ကြည့်ပြီး bot တွေဆီကနေ သင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အသင်းလိုက် ကစားတဲ့အခါမှာတော့ အလွန်ရှုပ်ထွေးတဲ့ ပုံစံအမျိုးမျိုးနဲ့ ကြုံတွေ့ရနိုင်ပေမယ့် bot ငါးခုက ဘယ်လိုတွဲဖက်ညီစွာ ကစားမလဲဆိုတာအတွက် OpenAI က AI ကို သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။

Bot တွေက ဘာလုပ်ရမလဲဆိုတာကို သင်ကြားပေးဖို့အတွက် OpenAI က reinforcement learning ကို အသုံးပြုပါတယ်။ OpenAI ဟာ Dota 2 ကို CPU ၁၀၀,၀၀၀ ကျော်ပေါ်မှာ အလုပ်လုပ်စေပြီး AI က နေ့စဉ်နေ့တိုင်း နှစ်ပေါင်း ၁၈၀ နဲ့ညီမျှတဲ့ ပွဲတွေကို ကစားစေခဲ့ပါတယ်။ နာရီအနည်းငယ်အတွင်းမှာ bot တွေက လူတစ်ယောက်ရဲ့ တစ်သက်တာမှာ ကစားနိုင်တဲ့ ပွဲအရေအတွက်ထက် ပိုမိုကစားနိုင်ခဲ့ပြီး AI ကို လေ့လာသင်ကြားစေမယ့် လုံလောက်တဲ့ အခွင့်အရေးတွေကို ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း AI မှာ အကန့်အသတ်အချို့ရှိပါတယ်။ ဒီ bot တွေဟာ ဂိမ်းရဲ့ Hero ၁၁၅ ကောင်ထဲက ငါးကောင် (Necrophos, Sniper, Viper, Crystal Maiden နဲ့ Lich) ကိုသာ အသုံးပြုနိုင်သလို အလားတူ hero တွေပါဝင်တဲ့ အသင်းတစ်သင်းနဲ့ပဲ ကစားနိုင်ပါတယ်။ နောက်ပြီး ဘယ် level ကိုယူမလဲ ဆိုတာလိုမျိုး အချို့ဆုံးဖြတ်ချက်တွေကို လူသားတွေက ပြုလုပ်ပေးနေရဆဲဖြစ်ပါတယ်။ ဒါ့အပြင် OpenAI developer တွေဟာ အချို့ item တွေကို ကန့်သတ်ထားသလို invisibility နဲ့ warding တွေလို ဂိမ်းကို ပိုမိုရှုပ်ထွေးစေနိုင်မယ့် အရာအချို့ကိုလည်း ဖယ်ရှားထားတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Engadget