ပြန်လည်ထုပ်ပိုးထားတဲ့ iPhone XS နဲ့ iPhone XS Max ဖုန်းတွေကို Apple စတင်ရောင်းချ

Apple ဟာ ခွင့်ပြုချက်ရ ပြန်လည်ထုပ်ပိုးထားတဲ့ iPhone XS နဲ့ iPhone XS Max မော်ဒယ်တွေကို စတင်ရောင်းချနေပါပြီ။ အဲဒီ ထုတ်ကုန်တွေဟာ ၂၀၁၈ စက်တင်ဘာလက ထွက်ရှိပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။

အဲဒီဖုန်းတွေကို Space Gray အပြင် ငွေရောင်နဲ့ ရွှေရောင်ကို 64GB, 256GB နဲ့ 512GB storage တို့နဲ့ ၃ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Apple ရဲ့အွန်လိုင်းစတိုးကနေ ဝယ်ယူနိုင်ကာ မော်ဒယ်တွေအားလုံးက unlock ဖြစ်ပါတယ်။

ပြန်လည်ထုပ်ပိုးထားတဲ့ iPhone XS နဲ့ iPhoen XS Max ဈေးနှုန်းတွေကတော့-

iPhone XS – 64GB: ၆၉၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၉၉၉ ဒေါ်လာနဲ့ရောင်းချ)

iPhone XS – 256GB: ၈၂၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၁,၁၄၉ ဒေါ်လာနဲ့ရောင်းချ)

iPhone XS – 512GB: ၉၉၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၁,၃၄၉ ဒေါ်လာနဲ့ရောင်းချ)

iPhone XS Max – 64GB: ၇၉၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၁,၀၉၉ ဒေါ်လာနဲ့ရောင်းချ)

iPhone XS Max – 256GB: ၉၂၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၁,၂၄၉ ဒေါ်လာနဲ့ရောင်းချ)

iPhone XS Max – 512GB: ၁,၀၉၉ဒေါ်လာ (၂၀၁၈ စက်တင်ဘာလမှာ ၁,၄၄၉ ဒေါ်လာနဲ့ရောင်းချ) ဖြစ်ပါတယ်။

အခုဖုန်းတွေဟာ သေချာစစ်ဆေး၊ စမ်းသပ်၊ သန့်စင်ကာ ပြန်လည်ထုပ်ပိုးထားပြီး အဖြူရောင်ဘူးအသစ်နဲ့ လမ်းညွှန်ချက်နဲ့ တွဲဖက်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ Apple ကပြောထားပါတယ်။ ဘက်ထရီအသစ်ကို ထည့်သွင်းထားပြီး ပြင်ပအခွံကိုလည်း အစားထိုးထားပါတယ်။ ဖုန်းအသစ်တစ်လုံးနဲ့ ပြန်လည်ထုပ်ပိုးထားတဲ့ မော်ဒယ်အကြားက ကွဲပြားချက်မရှိအောင် ပြုလုပ်ထားပါတယ်။

စိုးထက်
Ref: Macrumors