ပြတင်းပေါက်ပိတ်ထားတဲ့ ကားထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်မား

လေထုထဲမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အမှုန်တွေဟာ ၁၅ မိနစ်အတွင်းမှာ ပြတင်းပေါက် မဖွင့်ထားတဲ့ ကားတွေထဲ ဘယ်လို ဝင်ရောက်စုဖွဲ့နိုင်ပုံကို လေ့လာထားတဲ့ စစ်တမ်းတစ်ခု ထွက်လာပါတယ်။

ရောဂါပိုးတွေဟာ ကားထဲမှာ ၄ နာရီ အထိ ခိုအောင်းနိုင်ပါတယ်။ ကားထဲမှာ ရောဂါပိုးတွေ မရှိစေဖို့ အထိရောက်ဆုံး နည်းလမ်းက လေဝင်လေထွက်ကောင်းဖို့ ပြတင်းပေါက်ကို ဖွင့်ထားပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေ ရောဂါကူးစက်မှု မဖြစ်နိုင်ဖို့ လျှော့ချနိုင်ပါတယ်။ဒါပေမဲ့လည်း စွတ်စိုပြီး အေးချမ်းတဲ့ရာသီမှာ ကားပြတင်းပေါက် ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့်လည်း ပြတင်းပေါက်ဖွင့်ထားရင် ရောဂါကူးစက်မှုကို လျှော့ချနိုင်မှာပါ။

စစ်တမ်းသုတေသီတွေက ပြတင်းပေါက်ပိတ်ထားတဲ့ ကားထဲ ရောဂါပိုးစုဖွဲ့နိုင်တာကို ကွန်ပျူတာနဲ့ သရုပ်ပြထားပါတယ်။ ကားထဲမှာ ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချနိုင်ဖို့ ခရီးသည်တွေက ယာဉ်မောင်းနောက်တည့်တည့်ခုံနဲ့ ယာဉ်မောင်းဘေးမှာ စီးသင့်တယ်လို့ ဖော်ပြထားပါတယ်။ အခု သုတေသနကိုတော့ မက်ဆာချူးဆက်တက္ကသိုလ်၊ အာဟာ့ကောလိပ်က ရူပဗေဒပညာရှင် ဒေါက်တာ ဗာဟိမာထိုင်းက ဦးဆောင်ပါတယ်။ ပြတင်းပေါက် ဖွင့်ထားတဲ့ ကားတွေဟာ ရောဂါကူးစက်မှုကို ထိရောက်စွာ လျှော့ချနိုင်ပုံကိုလည်း တွေ့ထားပါတယ်။

စိုးထက်

Ref: DailyMail