ပြည်သူ့ရေးရာ ဖွံ့ဖြိုးမှုသင်တန်းဖွင့်မည်

အင်းလျားဘောဂဗေဒမှ ပြည်သူ့ရေးရာ ဖွံ့ဖြိုးမှုသင်တန်း အပတ်စဉ် (၁) ကို သြဂုတ် ၂၆ ရက် မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

သင်ကြားမယ့် ဘာသာရပ်တွေက Research Methodology, Introduction to Fiscal Federalism, Introduction to Economics & Its Thoughts တို့ဖြစ်ပြီး သင်တန်းကာလအနေနဲ့ ၅ ရက် ကြာမြင့်မှာ ဖြစ်ပါတယ်။
သင်တန်းချိန်ကတော့ နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီ အထိဖြစ်ပြီး သင်တန်းကြေး ခုနစ်သောင်းကျပ် ဖြစ်ပါတယ်။

သင်တန်းသို့ အစိုးရဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိသူတွေ၊ ပြည်သူ့ရေးရာကဏ္ဍနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ ရည်ရွယ်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်လိုသူတွေ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်လိုသူတွေ၊ လူမှုရေးသိပ္ပံနှင့် ပြည်သူ့ရေးရာ ဘာသာရပ်တွေမှာ သင်ယူနေတဲ့၊ သင်ယူရန် မျှော်မှန်းချက်ရှိတဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားမှာ ပြည်သူ့ရေးရာကဏ္ဍနဲ့ နိုင်ငံတကာမှာ ကျောင်းတက်ဖို့ ရည်ရွယ်ထားသူတွေ တက်သင့်တယ်လို့ သိရပါတယ်။

သင်တန်းကို တက်ရောက်လိုသူတွေ အနေနဲ့ contact.inyaeconomics@gmail.com သို့ သြဂုတ် ၂၀ ရက် ညနေ ၅ နာရီနောက်ဆုံးထားကာ ပေးပို့ရမှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး အင်းလျား ဘောဂဗေဒ ဖုန်း – ၀၉၄၂၀၅၂၃၁၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ