ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်သို့ SMS Managing Software လှူဒါန်း

ပြည်ထောင်စုအဆင့် လွှတ်တော်(၃) ရပ်ကို Digital Integrated Marketing နည်းပညာကုမ္ပဏီမှ စာတိုပေးပို့မှုကို စီမံခန့်ခွဲနိုင်တဲ့ SMS Managing Software ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ရုံးကနေပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ SMS Managing Software ကို Digital Integrated Marketing နည်းပညာကုမ္ပဏီကနေပြီး ဩဂုတ်လ ၂၈ ရက်က ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။SMS Managing Software တန်ဖိုးမှာ တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁,၂၀၀ ဖြစ်ပြီး လွှတ်တော်သုံးရပ်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တို့ကို လွှတ်တော်တစ်ရပ်အတွက် တစ်ခုစီ လှူဒါန်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

၎င်းဆော့ဖ်ဝဲမှာ လွှတ်တော်များအတွင်း e-Parliament ဆိုင်ရာကိစ္စရပ်များ ပေးပို့ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ အစည်းအဝေးများပြုလုပ်ရန် ဖိတ်ကြားခြင်းနဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ် တွေကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှ တစ်ဆင့် သိရပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««