ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ဗီဒီယိုကွန်ဖရန့်စနစ် နှင့် နည်းပညာဝန်ဆောင်မှုများ Huawei မှ ပံ့ပိုးကူညီ

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား (LMC) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ် မှ နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ Huawei မှ အမေရိကန် ဒေါ်လာ ၄၀၀၀ တန်ဖိုးရှိ ဗီဒီယိုကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ ကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။

HUAWEI CloudLink Room ဗီဒီယို ကွန်ဖရန့် စနစ်တွေကို အသုံးပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ပံ့ပိုးကူညီခွင့်ရတာ အလွန်တရာ ဂုဏ်ယူမိပါတယ်” လို့ Huawei Myanmar ရဲ့ CEO ဖြစ်သူ Mr. Ding Zhaoyi က ပြောပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ရဲ့ သမ္မတဖြစ်သူ ဦးဝင်းမြင့်နဲ့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Keqiang ၊ လာအိုနိုင်ငံဝန်ကြီးချုပ် Mr. Thongloun Sisoulith ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Hun Sen ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Prayut Chan-o-cha နဲ့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc တို့တက်ရောက်ခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««