ပြည်တွင်းအဆင့်ပြိုင်ပွဲ World Robot Games 2020 ( Myanmar ) ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နဲ့ CoR Team တို့ပူးပေါင်းပြီး World Robot Games 2020 သွားရောက် ယှဉ်ပြိုင်ရန်အတွက် ရွေးချယ်မယ့် ပြည်တွင်းအဆင့်ပြိုင်ပွဲ World Robot Games 2020 ( Myanmar ) ကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် မှ ၂၆ ရက်အထိ MICT Park မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ Senior Level Game နှစ်ခုနဲ့ Junior Level Game တစ်ခု ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ပါဝင်တဲ့ ဂိမ်းအမျိုးအစားတွေက Rugby Robot ( Senior Level ), On- Water Robot ( Senior Level ) , Line Tracing ( -အသက် ၁၀ နှစ်မှ ၁၆ နှစ်အထိ – Junior Level ) တို့ဖြစ်ပါတယ်။ World Robot Games 2020 ( Myanmar ) မှာ Open Challenge ဖြစ်တဲ့အတွက် Register လုပ်ထားတဲ့ အသင်များအားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းအရေအတွက် အလိုက် Group State, Semi-Final, Final အဆင့်ဆင့် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ World Robot Games 2020 ( Myanmar ) မှာ ပြည်တွင်းအဆင့်ဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်းတွေကို ဆုများအပြင် World Robot Games 2020 မှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ကူညီထောက်ပံ့မှုများ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်ရောက်မယ့် အသင်းတွေအနေနဲ့ Registration ပြုလုပ်ခြင်းနဲ့ ပွဲအတွင်း စည်းမျည်းစည်းကမ်းချက်များ ကို http://tiny.cc/73dzgz မှတစ်ဆင့် ဝင်ရောက်ရယူနိုင်မှာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်မှာ Registration ပိတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ