ပြည်တွင်းက နိုင်ငံရေးပါတီ ၄၆ ခု၏ Facebook စာမျက်နှာတွေကို အလွယ်တကူ ဝင်ကြည့်နိုင်မည်

လက်ရှိပြည်တွင်းက နိုင်ငံရေးပါတီ ၄၆ ခုရဲ့ တရားဝင် Facebook စာမျက်နှာတွေကို https://mmtan.org/PartyLeaderboard မှတစ်ဆင့် အလွယ်တကူ ရွေးချယ်ဝင်ရောက်ကာ ကြည့်ရှုနိုင်မယ်လို့ Facebook ရဲ့ လေးခုမြောက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူ Myanmar ICT for Development Organization (MIDO) ရဲ့ Facebook ဖော်ပြချက်အရ သိရပါတယ်။

မည်သည့်ပါတီက ဘယ်လိုအကြောင်းတွေ အဓိက ဆွေးနွေးပြောဆိုနေလဲ ဆိုတာကို ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်သလို Facebook ပေါ်မှာ လူတွေက နိုင်ငံရေးပါတီ အသီးသီးနဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လိုပြောနေလဲ ဆိုတာတွေကို အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ ဝက်ဆိုက်တွင် မိမိကြည့်ရှုလိုတဲ့ ပါတီတွေကို keyword ဖြင့်ရှာဖွေနိုင်မှာဖြစ်သလို Facebook ပေါ်တွင် မည်သည့်ပါတီက ပို့စ်အရေအတွက် ဘယ်လောက်တင်ထားတာနဲ့ ထိပ်တန်းရောက်နေတဲ့ ပို့စ်တွေကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်းက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကို တင်ဆက်နေတဲ့ မီဒီယာပလက်ဖောင်းတွေနဲ့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ထိပ်တန်းပို့စ်တွေကိုလည်း ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««