ပျောက်ဆုံး သတ္တုကျောက်ပြားကြီးအကြောင်း သတင်းပေးသူ ဒေါ်လာ ၁၀,၀၀၀ ရရှိမယ်

2001: A Space Odyssey ရုပ်ရှင်ထဲကလို ကျောက်ပြားကြီးကို ပြီးခဲ့တဲ့အပတ်က ယူတာ့သဲကန္တာရမှာ တွေ့ခဲ့ပါတယ်။ အဲ့သတင်းက အင်တာနက်မှာ အတော်ရေပန်းစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောက်သားကြီး ထူးဆန်းစွာ‌ ပျောက်သွားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျောက်သားပြားကို သဘာဝပတ်ဝန်းကျင် အကြောင်းပြချက်ကြောင့် ဖယ်ရှားလိုက်တယ်လို့ ဆယ်ဗန်ခရစ္စရှန်ဆန်နဲ့ အန်ဒီလူးဝစ်တို့က ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ ကျောက်သားပြားကြီးရဲ့ မူလပိုင်ရှင် မဟုတ်ပါဘူး။ဒါပေမဲ့ Ripley’s ကတော့ ထူးဆန်းတဲ့ ယူတာ့ သတ္တုကျောက်သားပြား မူလဇာစ်မြစ်ကို သိလိုပါတယ်။ ဒါကြောင့် ကျောက်သားပြားနဲ့ ပတ်သက်ပြီး Ripley’s အတွက် သီးသန့် မှန်ကန်စွာ သတင်းပေးနိုင်တဲ့သူ ဒါမှမဟုတ် ကျောက်သားပြား မူလပိုင်ရှင်ပေါ်လာရင် ဒေါ်လာ ၁၀,၀၀၀ ပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

အခြားကျောက်သားပြားကြီးကတော့ ရိုမေးနီးယားနိုင်ငံမှာ ပေါ်လာခဲ့ပြီး ရုတ်တရက်ပဲ ပျောက်သွားပါတယ်။ နောက်ကျောက်သားပြားကြီးကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပေါ်လာခဲ့ပါတယ်။ Ripley’s ဆုကြေးကတော့ ယူတာ့ကျောက်သားပြားအတွက်ပဲ ဖြစ်ပါတယ်။ အချက်အလက်နဲ့ ပတ်သက်ပြီး သိထားတာရှိသူတွေ ဒီလင့်မှာ လျှောက်ထားပြီး ဆုငွေထုတ်ယူနိုင်ပါတယ်။

စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««