ပေါ့ပါးတဲ့ Google Gmail Go app

Google ဟာ အရွယ်သေးငယ်ပြီး ပေါ့ပါးတဲ့ Go ဗားရှင်း app တွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ Google က ဈေးသက်သာတဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ Go ဗားရှင်းတွေ ထုတ်လုပ်လိုက်ပါတယ်။ မိုဘိုင်း data ဈေးကြီးတဲ့ ဖွံ့ဖြိုးဆဲဈေးကွက်အတွင်း ရောင်းတဲ့ စမတ်ဖုန်းနဲ့ RAM နည်းပါးတဲ့ ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။

စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတွေမှာ Go app ကိုအသုံးပြုပြီး footprint နဲ့ အချက်အလက်သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် Google ဟာ Android ဖုန်းတွေမှာ Go app အသုံးပြုနိုင်ဖို့ ကန့်သတ်ချက်တချို့ကို ဖယ်ရှားနေပါတယ်။

အခုဆိုရင် Google က Gmail Go ကို ဖြန့်ချိလိုက်ပါတယ်။ Gmail Go ကတော့ ပုံမှန် Gmail app နဲ့ဆင်ပေမယ့် မိုဘိုင်း data နဲ့ RAM အသုံးပြုနေပါတယ်။ Google Meet ဘားနဲ့ အခြားလုပ်ဆောင်ချက် တချို့လည်း မပါဝင်တော့သလို UI ဒီဇိုင်းကလည်း အခြေခံကျပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««