ပုဂၢလိကသင္တန္းေက်ာင္းမ်ားမွ ေပးအပ္မည့္ လက္မွတ္မ်ားကို စိစစ္သတင္းထုတ္ျပန္ေပးရန္ လုိအပ္ေၾကာင္း လႊတ္ေတာ္တြင္ ေဆြးေႏြး

[ Zawgyi ]

ပုဂၢလိကသင္တန္းေက်ာင္းေတြရဲ႕ အရည္အေသြးအဆင့္အတန္း ကို စစ္ေဆးအကဲျဖတ္ကာ သင္တန္းေက်ာင္းမွ ထုတ္ေပးေသာ လက္မွတ္ေတြကို စိစစ္သတင္းထုတ္ျပန္ေပးရန္ လုိအပ္တယ္လုိ႔ တပ္မေတာ္သား ကုိယ္စားလွယ္ ဗိုလ္မွဴး ေအာင္ႏုိင္ဦး က ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေ၀းမွာ ေဆြးေႏြးေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ အတြင္းမွာ အရည္အေသြး စံခ်ိန္မမီ၊ အာမခံခ်က္အားနည္းၿပီး စီးပြားေရးကိုသာ အဓိကထားတဲ့ အခ်ိဳ႕ေသာ ပုဂၢလိကပညာေရးေက်ာင္းေတြ၊ သင္တန္းေတြ ဖြင့္လွစ္လုပ္ကုိင္ေန သည္မွာ မ်ားစြာ ၾကာျမင့္ၿပီး ျဖစ္ပါေၾကာင္း ပုဂၢလိက ပညာေရးဥပေဒၾကမ္း တြင္ သတ္မွတ္စံခ်ိန္ စံညႊန္းႏွင့္ညီမွသာ ဖြင့္လွစ္ ခြင့္ေပးျခင္း၊ သင္ၾကားမည့္ ဆရာမ်ား၏ အရည္အေသြး၊ သတ္မွတ္သင္႐ိုးၫႊန္းတမ္း၊ သင္႐ိုးမာတိကာအတိုင္း သင္ၾကားမႈအစီအစဥ္မ်ားကို စနစ္တက်ေရးဆြဲတင္ျပရန္လိုအပ္တယ္လုိ႔ မႏၱေလးတုိင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ ၂ မွ ဦးထြန္းထြန္းဦးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံတကာႏွင့္ခ်ိန္ဆက္သင္ၾကားမည္ျဖစ္ပါက ပညာေရး အဆင့္အတန္းႏွင့္ အရည္အေသြးအာမခံႏိုင္မႈကို ႏိုင္ငံတကာ တရား၀င္အဖြဲ႕အစည္းတစ္ခုက သတ္မွတ္ျပ႒ာန္း ထားသည့္ စံခ်ိန္စံၫႊန္းမူေဘာင္မ်ားႏွင့္ ကိုက္ညီရမွာျဖစ္ၿပီး ဘြဲ႕အတု၊ အရည္အခ်င္းအတု ေတြကုိေပးအပ္ေနတာေတြကို ဥပေဒအရ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း ေဆြးေႏြးခဲ့ၾကပါတယ္။

-သႏၲာ

[ Unicode ]

ပုဂ္ဂလိကသင်တန်းကျောင်းတွေရဲ့ အရည်အသွေးအဆင့်အတန်း ကို စစ်ဆေးအကဲဖြတ်ကာ သင်တန်းကျောင်းမှ ထုတ်ပေးသော လက်မှတ်တွေကို စိစစ်သတင်းထုတ်ပြန်ပေးရန် လိုအပ်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်နိုင်ဦး က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာ အရည်အသွေး စံချိန်မမီ၊ အာမခံချက်အားနည်းပြီး စီးပွားရေးကိုသာ အဓိကထားတဲ့ အချို့သော ပုဂ္ဂလိကပညာရေးကျောင်းတွေ၊ သင်တန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေ သည်မှာ များစွာ ကြာမြင့်ပြီး ဖြစ်ပါကြောင်း ပုဂ္ဂလိက ပညာရေးဥပဒေကြမ်း တွင် သတ်မှတ်စံချိန် စံညွှန်းနှင့်ညီမှသာ ဖွင့်လှစ် ခွင့်ပေးခြင်း၊ သင်ကြားမည့် ဆရာများ၏ အရည်အသွေး၊ သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားမှုအစီအစဉ်များကို စနစ်တကျရေးဆွဲတင်ပြရန်လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးထွန်းထွန်းဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာနှင့်ချိန်ဆက်သင်ကြားမည်ဖြစ်ပါက ပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံနိုင်မှုကို နိုင်ငံတကာ တရားဝင်အဖွဲ့အစည်းတစ်ခုက သတ်မှတ်ပြဋ္ဌာန်း ထားသည့် စံချိန်စံညွှန်းမူဘောင်များနှင့် ကိုက်ညီရမှာဖြစ်ပြီး ဘွဲ့အတု၊ အရည်အချင်းအတု တွေကိုပေးအပ်နေတာတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါတယ်။