ပုဂ္ဂလိကသူနာပြုသားဖွား အတတ်ပညာသင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်

ပုဂ္ဂလိကသူနာပြုသားဖွား အတတ်ပညာသင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ကျန်းမာရေးကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို တိုးတက်ဖွံ့ဖြိုးစေဖို့ ရည်ရွယ်ကာ တရားဝင်အသိအမှတ်ပြုပုဂ္ဂလိကသူနာပြုသားဖွား အတတ်ပညာသင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံသူနာပြု နှင့် သားဖွားကောင်စီမှ တစ်ဆင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန သို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ