ပုဂ္ဂလိကကျောင်းများမှ ဆရာ/ဆရာမများအတွက် အွန်လိုင်းသင်တန်းဖွင့်လှစ်မည်

ပုဂ္ဂလိကကျောင်းများမှ ဆရာ/ဆရာမများ ပညာရည်ပိုမိုမြင့်မားပြီး ရလဒ်ကောင်းတွေထွက်ပေါ်လာစေဖို့ ရည်ရွယ်ကာ အွန်လိုင်းသင်တန်းကို Zoom live နဲ့ Google classroom များနဲ့ပြုလုပ်ကာ သင်တန်းပို့ချပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို နိုင်ငံတကာတက္ကသိုလ်သုံးခုမှာ ပညာသင်ယူခဲ့ပြီး သင်တန်းပို့ချပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်သလို၊ ပညာရေးစိတ်ပညာစာအုပ် အတွဲ (၁-၂)၊ ၂၁ ရာစုသင်ကြားပို့ချမှုဆိုင်ရာလမ်းညွှန်စာအုပ်၊ TEFL Lesson Plans စာအုပ် စတဲ့ စာအုပ်တွေကို ရေးသားထုတ်ဝေပြီးတဲ့ ဆရာခန့်မြတ် Author, Founder, SEE Education Training Center, TKT, TEFL, Dip in English, B.A, M.A, M.Ed (EA), Assumption University of Thailand က သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ The Behavioral Perspective ( လူတွေနဲ့သတ္တဝါတွေရဲ့ ပြုမူလုပ်ဆောင်မှုတွေကို လေ့ကျင့်ပေးတဲ့ လုပ်ငန်းစဉ်များ)၊ The Cognitive Perspective ( Long-Term Memory သို့ရောက်အောင် သင်ကြားပေးတဲ့ ထိရောက်တဲ့ သင်ကြားနည်းစနစ်များ)၊ The Constructivist Perspective ( Teaching Methods များဖြင့် Knowledge and Skills များကိုတည်ဆောက်ပေးတဲ့အပိုင်း)၊ The Developmental Perspective ( ကလေးများရဲ့ ဖွံဖြိုးမှုနယ်ပယ် (၅) ခုကိုလေ့လာတဲ့ ရှုထောင့်အမျိုးမျိုး)၊ Conceptualizing learning and teaching (ထိရောက်တဲ့သင်ကြားခြင်း၊ သင်ယူခြင်းများနဲ့ ပတ်သက်ပြီး အယူအဆအမြင်သဘောထားအမျိုးမျိုး) အပြင် Constructivist Classroom သင်ကြားနည်းစနစ်များစွာ ပါဝင်မှာဖြစ်ပါတယ်။ Assessment (အကဲဖြတ်စစ်ဆေးနည်းအမျိုးမျိုး), Assessment of learning, Assessment for learning, Assessment as learning နဲ့ Additional Topics မှာ Learning Styles, Bloom’s Taxonomy, Multiple Intelligence, Learning theories တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ Teacher Training သင်တန်းအတွက် Educational Psychology & Effective Teaching Skills and Assessment သင်တန်းနှစ်ခုအပြင် Lesson Plans Preparation Course တစ်ခုကိုပါ အပိုဆုအနေနဲ့ ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းချိန် ညှိနှိုင်းနိုင်ပြီး Duration ရှည်ကြာချိန်ကိုလည်း မိမိတို့ရဲ့ ကျောင်းအပေါ်မူတည်ကာ ဆွေးနွေးနိုင်မယ်လို့ သိရပါတယ်။

အသေးစိတ်ကို SEE Education Training Center ဖုန်း – ၀၉၇၉၂၂၈၃၃၂၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««