ပိုမို မြန်ဆန်၊ လုံခြုံပြီး ဒီဇိုင်းလှပတဲ့ MIUI 12.5 ကို Xiaomi မိတ်ဆက်

Xiaomi ဟာ တရုတ်ပြည်၊ ဘေကျင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ Mi 11 ကို မိတ်ဆက်ခဲ့သလို နောက်ဆုံးပေါ် MIUI 12.5 ကိုလည်း မိတ်ဆက်လိုက်ပါတယ်။

MIUI 12 နောက်ပိုင်းမှာ မိတ်ဆက်လိုက်တဲ့ MIUI 12.5 ဟာ privacy ထိန်းသိမ်းမှုကောင်းမွန်ပြီး application အသုံးပြုမှုကို ပိုမိုထိန်းကျောင်းကာ Windows နဲ့ချိတ်ဆက်ထားရင်လည်း သတိပေးချက်တွေ လက်ခံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ Xiaomi ရဲ့ MIUI 12.5 ဟာ ပုံမှန် update မဟုတ်ဘဲ ၂၀၂၁ ခုနှစ်အတွင်း ဖုန်းတွေ အားလုံးကို ထောက်ပံ့ပေးမယ့် ခြေလှမ်းကြီးတစ်ခု ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

Xiaomi ဟာ MIUI 12.5 အတွက် ပုံရိပ်ပိုင်းဒီဇိုင်းနဲ့ ရသပိုင်းကို တိုးတက်အောင် လုပ်ထားပါတယ်။ ပွဲအတွင်း Xiaomi အမှုဆောင်က iOS နဲ့ MIUI 12.5 အကြားက transition သက်ရောက်မှုပုံစံ တူပုံကို နှိုင်းယှဉ်ပြခဲ့ပါတယ်။

Xiaomi က Apple, Huawei, OPPO, vivo နဲ့ Meizu နှိုင်းယှဉ်ပြီး system app အနည်းဆုံး ထည့်သွင်းတာကိုလည်း ပြောခဲ့ပါတယ်။

Xiaomi ဟာ စနစ်အတွက် core တည်ဆောက်မှုကို ပြန်လည်ရေးသားခဲ့တာကြောင့် MIUI 12.5 ကတော့ memory နဲ့ စွမ်းအင်ကို ၂၅ ရာခိုင်နှုန်းပဲ အသုံးပြုပြီး နောက်ကွယ်က memory သုံးစွဲမှုကလည်း ၃၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ MIUI 12.5 မှာတော့ settings, ကင်မရာနဲ့ ဖုန်းတွေ ပါဝင်ပေမယ့် bloatware တွေမပါဝင်ပါဘူး။

MIUI 11 နဲ့ 12 လိုပဲ 12.5 မှာလည်း dynamic wallpaper တွေပါဝင်လာပါတယ်။ အဲဒီပုံတွေထဲမှာ တရုတ်ပြည်၊ စီချွမ်ပြည်နယ်က ညီအစ်မလေးဖော် တောင်ထွတ်ကိုတော့ အပြင်ကအတိုင်း မြင်တွေ့နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် တောင်မြင်ကွင်းနဲ့ အသံကိုလည်း စိတ်ကြိုက်ပြင်ဆင်ခွင့်ပေးထားပါတယ်။ Xiaomi ဟာ MIUI 12.5 beta ပိတ်သိမ်းပြီး တရုတ်ပြည်တွင်း ဖုန်း ၁၂ မျိုးကျော်အတွက် စတင်ဖြန့်ချိပါမယ်။ အဲဒီဖုန်းတွေထဲမှာ Mi 10 ထုတ်ကုန်တွေ အပြင် Redmi K30 နဲ့ Redmi Note 7 ဗားရှင်းနဲ့ Xiaomi Mi 9 ဖုန်းတချို့ ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««