ပိုမိုမြန်ဆန်တဲ့ မျိုးဆက်သစ် Wi-Fi 6

မျိုးဆက်သစ် Wi-Fi ကိုပြုလုပ်နေပေမယ့် အခုတစ်ပတ်မှပဲ စံသတ်မှတ်ချက်အသစ် ထွက်ရှိမှုကို အရှိန်အဟုန်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ Wi-Fi စံသတ်မှတ်ချက် အကောင်အထည်ဖော်မှုကို ကြီးကြပ်ပေးမယ့် Wi-Fi Alliance အဖွဲ့ဟာ တရားဝင် Wi-Fi 6 ခွင့်ပြုချက်ရ အစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါကြောင့် Wi-Fi 6 စံသတ်မှတ်ချက်သစ်ဟာ ပေါ်ပေါက်လာတော့မှာ ဖြစ်ပြီး နည်းပညာကုမ္ပဏီတွေကလည်း ထုတ်ကုန်သစ်တွေမှာ Wi-Fi 6 ထောက်ပံ့မှုပါဝင်တဲ့အကြောင်း ကြော်ငြာနိုင်တော့မှာ ဖြစ်ပါတယ်။ Wi-Fi 6 မှာ Wi-Fi ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့ နည်းပညာသစ်တွေများစွာ ပေါင်းစပ်ထားပါတယ်။ မိသားစုတစ်ခုရှိတဲ့ နေအိမ်တစ်အိမ်ရဲ့ Wi-Fi ကွန်ရက်မှာ ထုတ်ကုန်တွေ တစ်ဒါဇင်လောက် ချိတ်ဆက်ထားတာ ပုံမှန်ပါပဲ။ “ယနေ့ခေတ် နေအိမ်တစ်အိမ်မှာ ထုတ်ကုန်တွေချိတ်ဆက်ထားမှု ထူထဲမှုက မနေ့ကနဲ့ မတူဘူးလို့” Wi-Fi Alliance ဈေးကွက်ရှာဖွေရေးခေါင်းဆောင် ကီဗင်ရော်ဘင်ဆင်က ပြောခဲ့ပါတယ်။

Wi-Fi 6 ဟာ လူသုံးများတဲ့ ကွန်ရက်အတွင်းက မြန်နှုန်းကိုလည်း မြှင့်တင်ပေးပါတယ်။ Wi-Fi အတွက် သီအိုရီပိုင်းအရ အမြန်ဆုံးမြန်နှုန်းက 9.6 Gbps ကနေ 3.5 Gbps အထိ ရှိပါတယ်။ Wi-Fi 6 မှာတော့ အချက်အလက်တွေ ပိုမိုမြန်ဆန်အောင် ပြုလုပ်နိုင်မယ့် tool တွေပါဝင်တယ်လို့ သိရပါတယ်။ အဲဒီမြန်နှုန်းက လူသုံးများတဲ့ ကွန်ရက်တွေမှာ သိသာပြီး ပိုမိုမြင့်မားတဲ့ Wi-Fi တောင်းဆိုမှုတွေ အတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge