ပိတ်ရက်မှာ ကြည့်နိုင်မယ့် Netflix နည်းပညာ မှတ်တမ်းရုပ်ရှင် (၈) ခု

အခုဖော်ပြပေးမယ့် ဒေါ့ကူမန်ထရီဇာတ်ကားတွေကတော့ Netflix မှာကြည့်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခု သတိပြုရမှာကတော့ နိုင်ငံအလိုက် မူတည်ပြီး တချို့ရုပ်ရှင်တွေက ရှိ၊ မရှိကတော့ ကွဲပြားနိုင်ပါတယ်။

All work all play (၂၀၁၅)

Overwatch, Fortnite တွေမပေါ်ခင်က League of Legends (LoL) ကတော့ e-sports ဘုရင်ပါ။ ဒီရုပ်ရှင်ကတော့ LoL e-sport ပွဲရေပန်းစားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အကောင်းဆုံးအသင်းက အဖွဲ့ဝင်တချို့ နေ့စဉ်ဘဝကြောင်းလည်း ပါဝင်ပါတယ်။

Print the Legend (၂၀၁၄)

ဒီမှတ်တမ်းကားမှာ 3D ပုံနှိပ်လုပ်ငန်း အစောပိုင်း အခြေအနေကို တင်ပြထားပါတယ်။ ရုပ်ရှင်ထွက်တာ (၅) နှစ်လောက် အကြာမှာ နည်းပညာလောကကလည်း ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းပြီး Makerbot တည်ထောင်သူနဲ့ အင်ဂျင်နီယာလူငယ်အကြောင်းတွေ ဖော်ပြထားပါတယ်။

Silicon Cowboys (၂၀၁၆)

တက်ဆက်စ်က လူသုံးယောက်က တစ်ကိုယ်ရေသုံးကွန်ပျူတာထုတ်တဲ့ IBM ကုမ္ပဏီကို ပေါ့ပါးတဲ့ ကွန်ပျူတာနဲ့ သိမ်းပိုက်တဲ့အကြောင်းပါ။သူတို့က Compaq တည်ထောင်သူတွေဖြစ်ပြီး ၈၀ ခုနှစ် အစောပိုင်းမှာ ကွန်ပျူတာလုပ်ငန်းကို ပြောင်းလဲခဲ့တယ်။ Apple ထက်သာလွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်သူတွေပါ။

FYRE: the greatest party that never happened (၂၀၁၉)

ဖက်ရှင်အသားပေး လောကထဲမှာ startup သမားတွေ၊ influencer , လူမှုကွန်ရက်ဈေးကွက်ရှာဖွေနဲ့ အရင်းအနှီးထောက်ပံ့သူတွေ ဘယ်လိုလွဲမှားနေလဲ ဆိုတဲ့ အကြောင်းပါ။ လူလိမ်တစ်ဦးက Instagram က ပိုက်ဆံရှိ မလိမ်မိုးမလိမ္မာတွေ၊ အရင်းနှီးထောက်ပံ့သူ၊ ဝန်ထမ်း၊ ပူးပေါင်းပွဲစီစဉ်သူနဲ့ ဆင်းရဲတဲ့တိုင်းပြည်က အလုပ်သမားတွေ ဘယ်လိုလိမ်လည်သွားလဲ ဆိုတဲ့ အကြောင်းပါ။

Indie Game: The movie (၂၀၁၂)

အခုမှတ်တမ်းကား Fez, Super Meat Boy နဲ့ Braid လိုမျိုး အင်ဒီဂိမ်း ဖန်တီးသူတွေရဲ့ စိတ်ပူပန်၊ စိတ်ပျက်လက်ပျက် အနေအထားနဲ့ အောင်မြင်မှုကို ရိုက်ကူးထားတယ်။

Gringo: the dangerous life of John Mcafee (၂၀၁၆)

ဂျွန်မက်ဖီဟာ ဘဝစုံတဲ့လူပါ။ သူဟာ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ၊ antivirus စွန့်ဦးတီထွင်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဘီလျံနာ၊ ဆေးသုတေသန တည်ထောင်သူ၊ ဝရမ်းပြေး၊ လူသတ်မှုအတွက် အလိုရှိသူ၊ ပြည်သူ့စစ်နဲ့ လုပ်ကြံသူတွေနဲ့အတူ အရေးပါသူ၊ သမ္မတလောင်းလည်း ဖြစ်ပါတယ်။ ကြည့်သင့်တဲ့ မှတ်တမ်းကားပါ။

Terms and conditions may apply (၂၀၁၃)

ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေအချက်အလက်တွေ ဘယ်လိုအသုံးချခံနေရလဲဆိုတဲ့ အကြောင်းပါ။ Facebook, Google, ISP နဲ့အခြားအရာတွေအားလုံးက ခင်ဗျားအကြောင်းကို သိနေရပါတယ်။ အချက်အလက်တွေကို ဘယ်လိုအသုံးချနေလဲဆိုတာ ကြည့်ရမှာပါ။ ကြည့်ရင်းနဲ့ ကျောချမ်းစရာကောင်းပါတယ်။

Lo and behold (၂၀၁၆)

နာမည်ကျော် ဒါရိုက်တာ ဝါနာဟာ့ဇော့က အင်တာနက်အကြောင်း ခရီးရှည်ထွက်ပြထားပါတယ်။

-စိုးထက်
Ref: ‌Medium

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««