ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကနေ ဖန်တီးထားတဲ့ မျက်မှန်

The Ocean Cleanup စီမံကိန်းကတော့ ရေထဲမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်း လျှော့ချမယ့်အစီအစဉ် ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းအစိတ်အပိုင်း အဖြစ် စွန့်ပစ်ပစ္စည်းလျှော့ချတဲ့ လုပ်ငန်းအတွက် ရန်ပုံငွေ ရရှိနိုင်ဖို့ ပလတ်စတစ်တွေက ဖန်တီးထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ စီစဉ်နေပါတယ်။ အခုဆိုရင် ပထမဆုံး ထုတ်ကုန်ကို ပြသလိုက်ပါတယ်။ အခု ပြသလိုက်တဲ့ Ocean Cleanup မျက်မှန်ကတော့ ဂရိတ်ပစိဖိတ် အမှိုက်ပုံက ပလတ်စတစ်ကနေ ဖန်တီးထားပါတယ်။ မျက်မှန်တွေ ပျက်စီးသွားရင်လည်း အလွယ်တကူ recycle လုပ်နိုင်ပါတယ်။

Ocean Cleanup Project ဟာ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စမ်းသပ်မှုလုပ်ခဲ့ပြီးနောက် ၂၀၁၈ အကုန်မှာ ဂရိတ်ပစိဖိတ် အမှိုက်အစုအပုံကို ဆွဲလာပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။ ပထမအသုတ်ကတော့ ၂၀၁၉ အကုန်မှာ ကမ်းစပ်ပေါ်ရောက်လာပါတယ်။ အဖွဲ့ကတော့ အောင်မြင်မှု ရရှိခဲ့တဲ့ ပထမဆုံးတာဝန်လို့ ကြွေးကြော်ခဲ့တယ်။

စိုးထက်
Ref: NewAtlas

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««