ပရိသတ် စိတ်ကြိုက် DualShock 4 ဂိမ်းခလုတ် အရောင်များ Sony ပြန်လည် ထုတ်လုပ်

Sony ဟာ ဒီလအတွင်း ပရိသတ်စိတ်ကြိုက် DualShock 4 ဂိမ်းခလုတ် အရောင်များစွာ ပြန်လည် ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အခုထုတ်လုပ်မယ့် ဂိမ်းခလုတ်တွေက PS5 ဂိမ်းတွေ မကစားနိုင်ဘူးလို့ Sony အတည်ပြုထားပါတယ်။

အသစ်ထုတ်လုပ်မယ့် DualShock 4 ကြိုးမဲ့ဂိမ်းခလုတ် အရောင် ၂၅ မျိုးကို ကမ္ဘာတစ်ဝန်း မိတ်ဆက်ထားပြီး အဲဒီအရောင်ထဲမှာ classic Jet Black နဲ့ Wave Blue ကနေ Sunset Orange နဲ့ Red Crystal ဆိုတဲ့ အရောင်များစွာ ပါဝင်တယ်လို့ Sony PS VR နဲ့ဆက်စပ်ပစ္စည်း ဈေးကွက်ရှာဖွေရေးအကြီးအကဲ မန်နေဂျာ စတိဗ်ရှဝါ့က ရေးသားခဲ့ပါတယ်။ ဩဂုတ်လအတွင်း Berry Blue, Red Camouflage, နှင်းဆီနဲ့ စတီးအနက် အပါအဝင် စတိုင်ကျတဲ့ ဒီဇိုင်းတချို့ကိုလည်း ပြန်လည် ထုတ်လုပ်သွားမယ်လို့ ပြောထားပါတယ်။

Berry Blue နဲ့ red camouflage ဆိုတဲ့ အရောင်တွေကိုတော့ အမေရိကန်မှာ ၆၄.၉၉ ဒေါ်လာနဲ့ ရောင်းချနေပါတယ်။

-စိုးထက်
Ref: TheVerge